အထည်​​တွေလဲထည့်​ရင်းစကားလဲအ​ပြောမပြတ်​သည့်​​မေ​မေက ​ပြောရင်းတန်းလန်းဖြင့်​ ​ရေချိုးခန်းထဲဝင်​သွားသည်​ တစ်​​အောင့်​ကြာသည့်​အခါတွင်​​တော့ လက်​ထဲတွင်​​ရေချိုးဆပ်​ပြာမျက်​နှာသစ်​​ဆေးနှင့်​သွားတိုက်​​ဆေးသွားတိုက်​တံတို့ကပါလာ​လေသည်​...။

တကယ်​ကိုဆုံးဖြတ်​ထားပြီပြီထင်​၏.....

" ဒါဆိုလဲသားဘာမှမ​ပြော​တော့ပါဘူး_?"

မေ​မေပစ္စည်းများထည့်​​နေသည်​ကိုဆက်​၍မ​နှောက်​ယှက်​​တော့ပဲ
ခေါင်းငိုက်​၍သာအပြင်​ထွက်​လာလိုက်​​တော့သည်​...
မိမိသိတတ်​စအရွယ်​တည်းက မိမိအားတစ်​ဦးတည်းသာ​ကျွေး​မွေးခဲ့ရသည့်​​မေ​မေ့အဖို့ ဤမျှ​လောက်​​တော့ ​အေး​ဆေးစွာစိတ်​ချမ်းသာစွာ​နေထိုင်​သင့်​သည်​မဟုတ်​ပါလား??

...............................................

ဘာဂိမ်းမှမ​ဆော့​တော့ပဲအိပ်​ရာ​စော​စောဝင်​ရန်​ဆုံးဖြတ်​လိုက်​သည်​..
ဘုရားအားဦးသုံးချိန်​ချပြီး​နောက်​တွင်​​တော့ မျက်ဝန်းတို့ကမှိတ်​ကျသွား​လေပြီဖြစ်​သည်​...

မျက်​ဝန်းတို့မှိတ်​သည်​နှင့်​ များစွာ​သောပုံရိပ်​တို့ဆီသို့​​ရောက်​ရှိသွား၏..
မိမိနာကျင်​ခဲ့ဖူး​သောအချိန်​တို့ မိမိ​ပျော်​ရွှင်​ဖူးသည့်​အချိန်​တို့နှင့်​ မိမိချစ်​ခဲ့ဖူးတဲ့အချိန်​တို့ မည်​မျှပင်​ခံစားချက်​အမျိုးမျိုးပုံစံအမျိုးမျိုးကိုဖြတ်​သန်းခဲ့ပါ​စေ မိမိ​ဘေးတွင်​​တော့ လူတစ်​ဦးသည်​အမြဲရှိ​နေ​ပေးသည်​..

မိမိသည်​မျိုးစုံ​သောပုံစံတို့ဖြင့်​မျိုးစုံ​သောရုပ်​ရှည်​အဖြစ်​​ပြောင်းလဲသွား​သည့်​အချိန်​တွင်​ မိမိ​ဘေးမှရှိ​နေ​ပေးသည့်​သူသည်​လည်း ပုံစံအမျိုးမျိုးနှင့်​ပင်​ဖြစ်​သည်​..မိမိစိ​တ်​ထဲခံစားမိသည်​က ထိုသူမိမိအနားတွင်​ရှိတိုင်းခံစားရသည့်​​နွေး​ထွေးမှု...ထို့ပြင်​နာကျင်​မှုတို့ကလဲ​ရော​ထွေးစွာတည်​ရှိ​နေပြန်​သည်​.....

ထိုသူ၏နှုတ်ဖျားမှမိမိအားမတူညီသည့်​နာမည်​တို့အား​ခေါ်ကာဆို​နေ​သော်​လည်း ထိုသူ၏မျက်​ဝန်း မိမိကိုကြည့်​သည့်​ထိုသူ၏မျက်​ဝန်းတို့သည်​​တော့ နူးညံ့မှုအပြည့်​နှင့်​ ​တောင်းပန်​​နေသည့်​ညိုးငယ်​လွန်းသည့်​အကြည့်​တို့​က​တော့ တူညီစွာတည်​ရှိ​နေ​လေသည်​...

Devil System(U+Z)Where stories live. Discover now