Chapter《32 and 33》

Start from the beginning
                                    

သူတို့က သူ့ရဲ့စိတ်တွေအား နံရံပေါ် အရူးမီးဝိုင်း တွားသွားတက်အောင် လုပ်နေသည်။ အကယ်၍သာဒီနေ့တွင်းချင်း သေသေချာချာနဲ့ စေ့စေ့စပ်စပ် မရှင်းပြဘူးဆိုရင် ဒီအခန်းထဲကနေ နောက်ကျောနဲ့ အထုတ်ခံရလိမ့်မယ်ဆိုတဲ့ ခံစားချက်ရနေသည်။

(T/N - နောက်ကျောနဲ့ အခန်းထဲက အထုတ်ခံရလိမ့်မယ် -  လူသေအဖြစ် ထွက်ရလိမ့်မယ်)

ဒါပေမဲ့ဘာတွေဖြစ်ကုန်မှန်း သူလဲမသိဘူးလေ...သူဘယ်လိုလုပ်ရမလဲ?

သူအခု The Injustice to Dou E ထဲက Dou E ထက်တောင် မှားယွင်းခံရသလိုမျိုး ခံစားနေရတယ်.... ဒီအသိတရားမရှိပဲ အလိုလိုက်ခံရတာ ကြိုက်တဲ့အရူးက ရုတ်တရက်ကြီး ရူးသွပ်သွားမယ်လို့ ဘယ်သူကသိမှာလဲ? သူလည်း လန့်သွားတာပဲ ဟုတ်ပြီလား?

အရာအားလုံးက ပထမ အဆင်ပြေနေခဲ့တာပဲ, သူဒီအရူးကို ချော့မော့ပြီး မြောက်ပင့်ပေးနေခဲ့တာ.... ဆိုလိုတာ သူလည်း ကြီးကျယ်မြင့်မြတ်လှတဲ့ ပိုင်မိသားစုနဲ့ တစ်လှေတည်း စီးနေတယ်ဆိုတာပဲ မှတ်လား

တကယ်ပဲ ဒီအရူးက ဘာတွေ မှားယွင်းသွားခဲ့တာလဲ သူမသိဘူး, ရုတ်တရတ်ကြီး အဲ့ဒီအရူးက သူနဲ့သူ့သူငယ်ချင်းတွေကို ဆက်သွယ်တာ ရပ်ပစ်လိုက်တယ်, သူခေါ်တယ်၊ခေါ်တယ် ဒါပေမဲ့ ဘယ်တော့မှ ပြန်မဖြေခဲ့ဘူး....

သူ့ဦးနှောက်ကို ပျက်စီးစေလောက်အောင် တွေးပေမယ့်လည်း ဒီအဖိုးတန်ကလေးကို စော်ကားတာမျိုး သူဘာလုပ်ခဲ့မိလဲ မမှတ်မိနိုင်ဘူး...သူလည်း စိတ်ဆိုးဒေါသထွက်တာပဲ, ပြီးတော့ ဒီအရူးကို မွေးနေ့ပါတီမှာ ဝင်တိုးမိတယ်

သူက ချိုချိုသာသာပြောမလို့ , ဒီငတုံးကို ချော့မောပြီး သူ့ကိုနောက်တစ်ခေါက် စကားပြန်ပြောအောင် လုပ်မလို့လုပ်လိုက်တာ....

သူက ရူးသွပ်နေတဲ့သူ တစ်ယောက်လိုမျိုး ပုံမှန်မဟုတ်တဲ့ အသက်ရှုနှုန်းနဲ့ အသက်ရှုမြန်လာမယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ?

ရွှယ်ချင်းက ဖုန်းချွင်အား လည်ပင်းမညှစ်သတ်နိုင်ပေ။ သူမက ဘယ်လောက်ပဲ လေ့ကျင့်ထားသူ ဖြစ်ပါသော်လည်း သူမက မိန်းကလေး တစ်ယောက်သာဖြစ်သည်။ သူသာဖြစ်စေချင်ရင် သူမကို ဆွဲလှန်ပြီး ကိုင်ပေါက်လို့ရသည်။ ဒါပေမဲ့ သူဘယ်လိုများ လုပ်လို့ရမှာလဲ?

(Completed) Reborn as a good childWhere stories live. Discover now