“……….”

တစ်နည်းပြောရရင် ရင်းဆုယဲ့က သူ့ကို ရတနာပစ္စည်းတွေအကုန်လုံး ပေးလိုက်တာလား..?

ဘယ်သူ့သွားမေးမေး သူက လက်စွပ်ကို ပိုင်ဆိုင်ထားပေမယ့် ရင်းဆုယဲ့က အတင်းအကျပ် ဝတ်ဆင်စေခဲ့တယ်ဆိုတဲ့ အချက်ကို ပြောင်းလဲလို့မရဘူး။ သို့လှောင်လက်စွပ်က ပိုင်ရှင်မရှိသေးရင် ဝိဉာဉ်စွမ်းအားရှိသူတိုင်း ပိုင်ဆိုင်နိုင်တယ်။ ပိုင်ရှင်ရှိနေရင်တော့ ပိုင်ရှင်တစ်ဦးတည်းသာ အသုံးပြုနိုင်လိမ့်မယ်။

“ကျွန်တော် ဒီပစ္စည်းတွေကို တကယ်လက်မခံနိုင်ဘူး..”

သူ,ပြောခဲ့တဲ့အတိုင်းပဲ။ ရွှယ်ယို့ရှန်းက မူလပိုင်ရှင်ထံ ပြန်ပေးနိုင်ဖို့အတွက် လက်စွပ်ထဲက ရတနာပစ္စည်းတွေအားလုံးကို ထုတ်ယူရန် ပြင်လိုက်တယ်။ သိုလှောင်လက်စွပ်ကတော့ သူ့ကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်လို့ ပြန်ပေးမရတော့ဘူး။ ရင်းဆုယဲ့မှာလည်း သက်ရှိတွေတောင် သိုလှောင်ထားနိုင်တဲ့ သိုလှောင်လက်စွပ်ရှိနေပြီးသားဆိုတော့ ရတနာတွေကို ပြန်သိမ်းထားလို့ရပါတယ်လေ..!

“မလိုချင်ဘူးလား..? လွှင့်ပစ်လိုက်..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်း ထုတ်ပေးလာခဲ့တဲ့ ရတနာပစ္စည်းတွေကို လှည့်တောင်မကြည့်ဘဲ တခြားလူတွေနဲ့ မပူးပေါင်းတတ်တဲ့ ဇာတ်ကောင်စရိုက်အတိုင်း အခန်းထဲမှ ထွက်သွားခဲ့တယ်။ သူ့ပုံစံက ရတနာပစ္စည်းတွေကို ရွှယ်ယို့ရှန်း သူ့လက်ထဲ ပြန်ထိုးထည့်လာမှာ ကြောက်နေသလိုမျိုး၊ အန္တရာယ်ကလွတ်အောင် ပြေးနေသလိုမျိုး၊ အလျင်စလို ပြေးထွက်သွားခဲ့တယ်။

 “……….”

ရင်းဆုယဲ့က  ‘ပေးပြီးသားပစ္စည်း ပြန်မယူတတ်ဘူး’ ဆိုတဲ့ ပုံစံကို ဘယ်သူ့ကို ပြချင်နေတာလဲ..? သူ(ရွှယ်ယို့ရှန်း)က အချစ်ဝတ္ထုထဲက အမျိုးသမီးဇာတ်ဆောင်လည်း မဟုတ်ပါဘူးနော်.. အဲ့လို ဇာတ်ကြောင်းမျိုးလည်း မထည့်ရေးခဲ့မိပါဘူး..!

တခြားတစ်ဖက်မှာလည်း ရင်းဆုယဲ့၏ ‘အင်္ကျီလက်ကိုခါရမ်းကာ လှည့်ထွက်သွားတဲ့’ ခပ်မိုက်မိုက်ဟန်ပန်ဆီကနေ ထူးဆန်းတဲ့ ခံစားချက်တချို့ ခံစားလိုက်ရတယ်။ အထူးသဖြင့် အလောတကြီးသွားနေတဲ့ ထိုအမျိုးသားရဲ့ နောက်ကျောပြင်က တိုက်ပွဲကနေ အလောတကြီး ပြေးထွက်သွားသလိုပဲ။ ဒါတွေကြောင့် ရွှယ်ယို့ရှန်းမှာ သူ့ကိုယ်သူ တစ်ဖက်လူရဲ့ စိတ်ကောင်းစေတနာကို နားမလည်တဲ့ လူဆိုးတစ်ယောက်လို ခံစားလိုက်ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now