Jealous💚

1.2K 152 24
                                    

Uni

𝙸𝚗 2016-2018

"ဒီတစ်ခေါက် world tour မှာ Taejin fan services ကတော်တော်မိုက်တယ်တယ်နော် Jin hyung... ARMY လေးတွေတော်တော်များများသဘောကျကြတယ်"

Word tour အပြီး ညစာစားပွဲတွင် Namjoonမှ ကျနော့်အား fan services အကြောင်း စကားအစချီလိုက်သည်။ Namjoon စကားကြောင့် members ခုနှစ်ဦး စားနေတဲ့ ထမင်းဝိုင်းလေးက အနည်းငယ်မျှ အရှိန်သေသွားသည် မဟုတ်လား... ‌

သေချာပါတယ် တစုံတ‌ယောက်ကတော့ နှုတ်ခမ်းဆူနေပါနေပြီ

"ဟုတ်တယ်လေ Taeလေးက action ကလုံးဝမိုက်တာလေ ငါတောင်တခါတလေ လန့်သွားတာ Taeလေးရဲ့ fan services က အမူအရာ အရမ်းမိုက်တယ်"

လက်မလေးထောင်ပြကာ ဘေးနားကtae လေးရဲ့ဆံပင်မျှင်လေးတွေပေါ် လက်ကလေး တင်ကာ သပ်တင်ပေးမိသည်။ ထမင်းစားနေတဲ့ Taehyung ကတော့ အူတူတူဖြင့်လှည့်ကြည့်သည်။

"အာ..မဟုတ်တာ hyung လဲမိုက်ပါတယ်"

Taehyung လေးကအစားတလုတ်ဖြင့်ပြန်ဖြေသည်။ တစုံတယောက်ကတော့ ထမင်းပန်းကန်ကို ရန်သူတော်မှတ်ကာ တူတစုံကိုင်ပြီး လုံးချေနေသည်။ အခြေအနေကိုအနည်းငယ် ရိပ်မိသော Namjoon တယောက် စကားထပ်မစတော့ချေ။ တခြား members တွေကတော့ comebackသီချင်းအကြောင်း၊ အကတိုက်ဖို့အကြောင်း ပြောနေကြသည်။

"Hyung ဗိုက်ဝသွားပြီး အပြင်သွားလိုက်အုံးမယ် ချိန်းထားတာလေးရှိလို့"

"ဘယ်သွားမလို့လဲ Jin hyung"

Hoseok နဲ့ dance break အကြောင်းပြောနေရင်းနဲ့ ကျနော့်ဘက်လှည့်လာ မေးလာသော Jimin..

"Ken နဲ့ချိန်းထားတာပါ မတွေ့တာကြာပြီလေ အတူသောက်ချင်တယ် ဆိုလို့
အော်.. ပြီးတော့ hyung ဒီနေ့နောက်ကျမယ်နော်"

"အာ..ဟုတ်"

အဖြေကိုသိ‌သွားသောJimin လေးက Hoseok နဲ့သာစကားဆက်ပြောနေသည်။ sofa လက်တန်းပေါ်တင်ထားသော long coat ကိုဆွဲယူဝတ်ကာ တံခါးဖွင့်ပြီးထွက်ဖို့အလုပ် ကျနော့်လက်တဖက်ကို ဆွဲယူသောလက်တစုံ လှည့်မကြည့်လည်း ဘယ်သူမှန်း ကျနော် သိသည်။

"Jin hyung ကျနော်နဲ့စကားခနပြောရအောင်"

ကျနော့်အဖြေကိုတောင်မစောင့် လက်ကိုဆွဲယူပြီး ကျနော့်ကိုသူ့အခန်းထဲ ဆွဲခေါ်သွား‌သော Jeon Jungkook! ဟုတ်ပါတယ်လေ..ဒါဟာ ကျနော်လူတယောက်,ယောက်နှင့်တွေ့ဖို့ ချိန်းထားတိုင်း သူပြုမူနေကျ သူ့အကျင့်လေး..

You've reached the end of published parts.

⏰ Last updated: Oct 06, 2021 ⏰

Add this story to your Library to get notified about new parts!

STAY; Jinkook oneshots collectionWhere stories live. Discover now