​ယွီချင့်ဟွမ်​ရောက်လာ​သောအခါ ထင်ထားသလိုပဲ ​ဟော်ချွီသည် သူ့အား​​လှေကားနားလမ်း​မီး​ရောင်​အောက်မှာ တမင်တကာရပ်​တန့်စောင့်ဆိုင်းနေခဲ့သည်။

ခုလိုညကြီးမိုးချုပ် သူ့မျက်နှာဖြူ​ရော်​ရော် လမ်းမီး​ရောင်​အောက် ထွန်းလင်းတောက်ပ​နေတာကိုမြင်ရသည်မှာ တနည်းတဖုံအားဖြင့်​ခြောက်ခြားဖွယ်ကောင်း​နေ၏။

ယွီချင့်ဟွမ်မှာ သူ့ထံခပ်သွက်သွက်​လျှောက်သွားလိုက်၏။

သူအားအ​ပေါ်​အောက်စေ့​စေ့စပ်စပ်​လေးစစ်​ဆေးကြည့်ရှုပြီး အားလုံး​ကောင်းတယ်ဆိုတာ​သေချာသွားခါမှ သက်ပြင်း​မောကြီးတချက်ချလိုက်ရသည်။

"ဘယ်နားက​နေလို့မ​ကောင်းတာလဲ?"

"ဒီနား"

​ဟော်ချွီမှာ သူ့ရင်ဘတ်​လေးအားပုတ်ပြပြီး အသံတိုးတိုး​လေးနဲ့ဆိုလာ၏။

"ဒီနားက အရမ်း.. အရမ်း.. အရမ်း​ခံရခက်တယ်"

"ဘာများဖြစ်ပါလိမ့်?"

ယွီချင့်ဟွမ်မှာလက်တဖက်ဆန့်တန်းထုတ်လိုက်ရင်း သူ့ရင်ဘတ်အားပွတ်သပ်လိုက်ကာ ညင်သာ​​ပျော့ပြောင်းစွာမေးလာ၏။

"ဒီနားကရုတ်တရက်ထနာတာလား? မိသားစုကိုကော​ပြောပြပြီးပြီလား?"

​ဟော်ချွီမှာခေါင်း​​လေးခါပြလိုက်ရင်း ​မြေကြီး​ပေါ်ကြည့်​နေရာကနေ တဖန်ယွီချင့်ဟွမ်အားကြည့်လာပြန်၏။

ရုတ်ချည်း ယွီချင့်ဟွမ်လက်​ကောက်ဝတ်အား ဖမ်းဆုပ်ထားလိုက်ပုံမှာ ချင့်ဟွမ်အ​ဝေးထွက်ခွာ​ပြေးသွားမည်ကိုစိုးရိမ်ပူပန်​နေသည့်ဟန်။

ထို့​နောက်တွင် သူ့အားအသနားခံ​တောင်းဆိုလာသည်မှာ

"ချင့်ဟွမ် မင်းကိုယ့်ထက်ကျောက်ချင်းယွမ်ကိုပိုကောင်း​ကောင်းဆက်ဆံ​ပေးလို့မရဘူး.."

ယွီချင့်ဟွမ်မှာ တဒင်္ဂမှင်သက်သွားရရင်း ရုတ်ချည်းဝါးလုံးကွဲထရယ်မိ၏။

"ဒါဖြင့် မင်း​နေလို့မ​ကောင်းတာက မနာလိုအူတိုဖြစ်​နေလို့​ပေါ့"

​​​ဟော်ချွီမှသူ့အား​လေးနက်တည်ကြည်စွာနဲ့ အမှန်ပြင်​ပေးသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now