အပိုင်း(၂၂)

En başından başla
                                    

Airport မှာသူ့ကိုလာကြိုတဲ့ မန်နေဂျာဆိုတဲ့လူကို တွေ့တွေ့ချင်း သူ့အသက်ရှူသံတွေ ဗလောင်းဗလဲဖြစ်ကုန်တယ်တဲ့အထိကို ထိုလူကမိမိုက်​​နေခဲ့သည်။ အပြာရောင်အစင်းကြောင်းလေးတွေပါတဲ့ shirtကို ကြယ်သီးနှစ်လုံးခန့်ဖြုတ်ထားပြီး အောက်အနားစကို ဘောင်းဘီအနက်ထဲထည့်ထားကာ ဆံပင်ရွှေဝါရောင်တွေနဲ့ သူ့မျက်စိရှေ့ မတ်တပ်ရပ်နေတဲ့ဒီလူသားဟာ ဘယ်လောက်တောင်ခမ်းနားလိုက်သလဲ။

အဲ့နေ့ကစပြီး သူရူးရူးမူးမူးကိုစွဲလန်းခဲ့တာ။ အလုပ်ထဲခေါင်းစိုက်ရမှာ အလွန်ငြီးငွေ့တဲ့ သူ့လိုအသက်နှစ်ဆယ်စွန်းကာစလူငယ်လေးက အသက်သုံးဆယ်ထဲဝင်နေပြီဖြစ်တဲ့ ပတ်ဂျီမင်းရဲ့အနားကြာကြာလေးပိုနေရဖို့ Over time တွေတောင် အလွန်အကျွံဆင်းမိတဲ့အထိ။

အမြဲတင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းဖူးဖူးတို့ဆီကနေ အပြုံးရိပ်လေးကိုမြင်ချင်မိတာကြောင့် ပြက်လုံးတွေပြောပြခဲ့ပေမယ့် ပြန်ရခဲ့တာက လဲသေနိုင်လောက်တဲ့ အကြည့်စူးစူးတွေ။ အဲ့မျက်လုံးတွေရဲ့အရှိန်အဝါကပြောမပြတတ်အောင်ကိုပဲ။ အလိုလိုနေရင်း ခြေတော်အောက်ဒူးပြေးထောက်ချင်စရာ အငွေ့အသက်တွေနဲ့။

အလုပ်လုပ်ရင်း သူ့ကိုနားလည်လာရတာက ဝန်ထမ်းတွေကိုအရမ်းအရေးပေးတယ်။ သူ့ကိုတော့ပိုအရေးပေးတယ်ပြောရမလား။ နှစ်ယောက်တည်းရှိချိန်ဆို Hyungလို့ခေါ်လို့ရတယ် ဆိုတဲ့ဆုလာဘ်တစ်ခုကိုပါ အပိုပေးသွားလေသည်။ နှုတ်ခမ်းဖူးဖူးတို့ကနေ ဝူယောင်းနီးလို့အခေါ်ခံလိုက်ရတုန်းက သူ့မှာငုတ်တုပ်ကြီးသတိမေ့တဲ့အထိ။

အမြဲတည်တင်းနေတဲ့မျက်နှာက တစ်ခါတစ်လေ သူ့ကိုတော့စိတ်လိုလက်ရ ပြုံးပြတတ်သေးတာ။မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ၊ သွားတန်းလေးတွေပေါ်လာတဲ့အထိ။ အဲ့အချိန်တွေဆို စကြာဝဠာကြီးရဲ့ ဖြစ်တည်မှုတွေပျောက်ဆုံးသွားသလိုမျိုး အားလုံးကိုမေ့ပြစ်လိုက်မိတာ။ ပတ်ဂျီမင်းဆိုတဲ့နာမည်လေး ကြားရရုံနဲ့တင် ဘယ်ဘက်ရင်အုံကနေ လှိုင်းကလေးဖြတ်ပြေးသွားတဲ့အထိကို ဂျောင်ဝူယောင်းက တစ်ငြိမ့်ငြိမ့်နဲ့ရင်ခုန်တတ်သေးတာ။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteHikayelerin yaşadığı yer. Şimdi keşfedin