အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း

Start bij het begin
                                    

သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းက အတိအကျတိုင်းတာကြည့်ဖို့ မဖြစ်နိုင်သေးတဲ့အခြေအနေမှာရှိနေပြီး မှန်းဆခန့်မှန်းချက်အနေဖြင့် နှစ်မီတာအရှည်ရှိသည်ဟုသာ တွက်ချက်ထားနိုင်သည်။ ထိုမှ အပေါ်ပိုင်း ကိုယ်ထည်ကိုပါ ပေါင်းထည့်လိုက်ရင် သူ့ရဲ့အရွယ်အစားက အရွယ်ရောက်ပြီးသား ကျားငါးမန်းတစ်ကောက်လောက်တောင် ရှိပေသည်။ ဒီလိုအရွယ်အစားတူညီနေတဲ့ သူတို့မျိုးစိတ်နှစ်ခုက ကျူးကျော်တိုက်ခိုက်မှုမှာလည်း လက်ရည်တူနေမလားလို့ ကျွန်တော်စူးစမ်းချင်မိပြန်သည်။

သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းက အတိအကျတိုင်းတာကြည့်ဖို့ မဖြစ်နိုင်သေးတဲ့အခြေအနေမှာရှိနေပြီး မှန်းဆခန့်မှန်းချက်အနေဖြင့် နှစ်မီတာအရှည်ရှိသည်ဟုသာ တွက်ချက်ထားနိုင်သည်။ ထိုမှ အပေါ်ပိုင်း ကိုယ်ထည်ကိုပါ ပေါင်းထည့်လိုက်ရင် သူ့ရဲ့အရွယ်အစားက အရွယ်ရောက်ပြီးသား...

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

[ကျားငါးမန်းတွေက ပုံမှန်အားဖြင့် ၃.၂၅ နဲ့ ၄.၂၅ မီတာအရှည်ရှိကြတယ်။ ဆိုတော့ ဆိုတော့ သူ့နဲ့အရွယ်အစားတူတဲ့ တို့ရဲ့ ကြီးထွားသန်မာ ကြည့်ကောင်းလွန်းတဲ့ အဓိကဇာတ်ဆောင်ကြီးကို ပုံဖော်ကြည့်ကြကုန်လော့။] (၃.၂၅မီတာက ဆယ်ပေကျော်ပြီး၊ ၄.၂၅က ဆယ့်သုံးပေ ကျော်)

ထိုအကြောင်းကိုတွေးမိသည်နှင့် တစ်ပြိုက်နက် ကျွန်တော်လည်း ကင်မရာမြင်ကွင်းကို ပြောင်းလိုက်ပြီး အမြီးမှ စကာ ရေသူထီးရဲ့ သိသာထင်ရှားနေတဲ့ နောက်ကျောပြင်ကြီးကို ရိုက်ကူးမှုစလိုက်သည်။ ထိုအချိန်လေးမှာပဲ အစောသလျင်စိတ်လေးနဲ့ ထိုရေသူထီးကိုစိုက်ကြည့်မိပြီး သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက လူသားတွေနဲ့ကွာခြားမှုမရှိပါလား' ဆိုပြီးလည်း တွေးလိုက်မိသည်။ ဘယ်လိုပဲဆိုဆို ကျွန်တော် သူနဲ့ နီးနီးကပ်ကပ်ရှိနေရတဲ့ ထိုအချိန်လေးမှာတော့ သူ့ရဲ့ ရေသူမျိုးနွယ်ခန္ဓာကိုယ်ပေါ်မှာ ပြောင်လက်နေတဲ့ အရေပြားတစ်လွှာရှိနေသေးတာကိုပါ ရှာတွေ့ခဲ့တယ်။ ထိုအရေပြားက ကျွန်တော်အရင်ကမြင်ဖူးထားတဲ့ Beluga (အဖြူရောင်ဝေလငါးကြီး)ရဲ့ အရေပြားနဲ့တူပြီး ရေထဲမှာဆို မသိမသာလေး တောက်ပနေတတ်သည်။ ရောင်ပြန်အတွက်ဖန်းတီးထားတာဖြစ်လို့ ရေသူထီးကိုကြည့်နေရင်း အရိပ်တစ်ခုလားလို့တောင် ကျွန်တော့်ကို ခံစားရစေသည်။

Desharow's MermanWaar verhalen tot leven komen. Ontdek het nu