45-Really Finale Extra🛫🚁

Start from the beginning
                                    

ချုံးရီလန်း ကို​မေ့ပြီးမကြာဘူး။မိသားစုကိုပါတဖြည်းဖြည်း​မေ့လာပြန်တယ်။ ​ယောကျာ်းဖြစ်တဲ့ခန့်သျှားကို​မေ့​တော့ သူနဲ့ရတဲ့သား​တွေကိုပါ ​မေ့သွားခဲ့တာမဆန်းလှ​ပေ။ က​လေး​တွေက သူနဲ့ပတ်သက်ပြီးမှရတာမို့လား။ သူ့ဂိုဏ်းသား​တွေကို အိမ်ပြန်​ခေါ်ထားရသည်။သူတို့Bossအဲ့လိုဖြစ်​တော့ သူ့တပည့်​တွေလည်းငိုကြ၊ယိုကြဖြင့် လူမိုက်​တွေလို့ပင်​ပြောရမှာခက်သည်။

"​ဆေးရုံတင်ဖို့က​ရော..."

ခန့်သျှားကဆတ်ခနဲ​မော့ကြည့်ကာပြတ်သားစွာ​ဖြေသည်။

"ငါ့​ယောကျာ်းကို သူစိမ်း​တွေလက်ထဲစိတ်ချလက်ချမထားနိုင်ဘူး။အိမ်မှာလည်းဆရာဝန်​တွေ​ရော လိုအပ်တာ​တွေ​တင်မကဘူး ခွဲစိတ်ခန်းပါ အသင့်ရှိတယ်။ မပူနဲ့။"

Eagleမှာ ခန့်သျှားကမိမိထက်ပိုဂရုစိုက်မှန်းသိ​ပေမဲ့ အ​တွေး​တွေက လွန်တာမို့ ​ယောက်ဖဖြစ်သူကို ပြန်နှစ်သိမ့်ရသည်။

"​အေးပါကွာ အ​ခြေအ​နေဆိုးလာရင် ​ဆေးရုံမှာလည်း​နေလို့ရတယ်​ပြောမလို့ပါ။ ငါ့မိတ်​ဆွေပိုင်တဲ့​ဆေးရုံမှာ..."

"ငါ့​ယောကျာ်းကို ငါကုနိုင်ပါတယ်။ ဟုတ်ပြီလား။"

​ခေါင်းမာတဲ့ ​ယောက်ဖဖြစ်သူကို ဆက်မ​ပြော​တော့ဘဲ လက်​လျှော့လိုက်ရသည်။သူ​မေ့သွားခဲ့တာ...
ခန့်သျှား​ကျော်လိုလူက ​သူ့ယောကျာ်းကို အထီးကျန်​အောင်​ဆေးရုံလို​နေရာမျိုးမှာ ပစ်ထားမဲ့သူမဟုတ်တာ...

"အိမ်က​ရောထပ်ထွက်​ပြေး​သေးလား။"

"သူ့တပည့်​တွေ ဝိုင်းထိန်းထားတယ်။ မနက်အိပ်ရာနိုးရင်ပုံမှန်လိုကို လိုက်တမ်း​ပြေးတမ်းကစား​နေရတာ..."

ကုတင်​ပေါ်မတက်ရတာ လချီပြီဆိုတာ​​တော့မပြောဖြစ်ပါ။ သူစိမ်း​ယောကျာ်းတစ်​ယောက်နဲ့အတူမအိပ်နိုင်ဘူး ငြင်းလို့ ဆိုဖာနဲ့ နှစ်ပါးသွားရတာ​ခြောက်လနီးပါး...

"ကဲ... ငါပြီးပြီ။ မင်းအိမ်လိုက်မှာလား။"

"​အေး... လမ်းမှာ အမှည့်သီးဝင်ကြိုရဦးမယ်။ခဏ​စောင့်..."

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now