နှစ်ထောင်ချီ ဘယ်သူ့ကိုမှ မချီးမွမ်းခဲ့ဖူးတဲ့ ဗီလိန်ကြီးရဲ့ ပါးစပ်က ချီးမွမ်းစကား ထွက်လာတယ်ဆိုတော့ ရှားပါးရတနာတွေထက်တောင် တန်ဖိုးရှိနေပြီပဲ။ ထိုချီးမွမ်းစကားကြောင့် ‘လုပ်နိုင်ခဲ့ပြီ’ဆိုတဲ့ ခံစားချက်တွေ တိုးပွားလာခဲ့တယ်။ သူ့ရဲ့ အပြင်ပုံစံက တည်ငြိမ်နေပေမယ့် စိတ်ထဲမှာတော့ ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့တော့တယ်။

ရွှယ်ယို့ရှန်းရဲ့ ဝိဉာဉ်မကူးပြောင်းခင်က ခန္ဓာကိုယ်ပုံစံမျိုးနဲ့ အမြင့်တစ်နေရာမှာ ပွင့်လန်းနေတဲ့ ပန်းပွင့်လေးလို နူးညံ့တဲ့စရိုက်ကို ပေါင်းစပ်ကြည့်လိုက်။ လုံးဝကို ဘုရင်မတစ်ပါးရဲ့ အရှိန်အဝါမျိုး ပေးစွမ်းနေလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ သူ့ရဲ့ ခန္ဓာကိုယ်က ဝိဉာဉ်ကူးပြောင်းပြီးနောက်မှာ သေးကျုံ့သွားခဲ့ပြီ။

သူ့ရဲ့အသွင်အပြင်က ကလေးတစ်ယောက်လို ဖြစ်နေတော့ အေးစက်စက် အငွေ့အသက်တွေ ထုတ်လွှတ်လို့ မရတော့ဘူး။ သန်မာတဲ့ အရှိန်အဝါတွေလည်း မထုတ်လွှတ်နိုင်တော့ဘူး။ လက်ရှိပုံစံလေးကြောင့် ချစ်စဖွယ်ကောင်းအောင် ထောင်လွှားနေတဲ့ အမူအရာမျိုး ဖြစ်နေတော့တယ်။

တကယ့်ကို စိတ်မကောင်းစရာပဲ..!

“မင်း အရင်ရွေးလိုက်..” ရင်းဆုယဲ့က ဘေးကပ်လိုက်ပြီး ရွှယ်ယို့ရှန်းအတွက် လမ်းဖယ်ပေးလိုက်တယ်။

“မလိုဘူး..”

ရွှယ်ယို့ရှန်းက ‘သူမလိုချင်ပါဘူး.. မလိုအပ်ပါဘူး’ ဆိုတဲ့ပုံစံမျိုးနဲ့ လက်ခါပြလိုက်တယ်။ ဒီရတနာတွေက ရင်းဆုယဲ့ရဲ့ အနာဂတ်အတွက် ဘယ်လောက်တောင် အရေးကြီးလိုက်သလဲ။ ဒီပစ္စည်းတွေက ရင်းဆုယဲ့ရဲ့ ပထမဆုံးသော ပိုင်ဆိုင်မှု ဖြစ်ရုံတင်မကဘူး၊ ရင်းဆုယဲ့ကို သူ့ရဲ့ အသိုင်းအဝိုင်းကြားမှာ ရပ်တည်နိုင်အောင် ကူညီပေးလိမ့်မယ်။

ဒီရတနာတွေက ရင်းဆုယဲ့ကို တစ်လောကလုံးရဲ့ ထိပ်ဆုံးနေရာရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုပဲ..!

“ရွေး..”

ရင်းဆုယဲ့က သူ့မျက်ဝန်းထဲက ကရုဏာကင်းမဲ့မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် ခေါင်းကို အသာစောင်းလိုက်တယ်။ ထို့နောက်မှာတော့ ရွှယ်ယို့ရှန်းကို ရတနာပုံကြီးရှေ့ အတင်းအကျပ် ဆွဲခေါ်သွားပြီး ရွေးချယ်ဖို့ လက်ဟန်ပြလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now