သေချာသည်​က​တော့ထို​လေ​ပြေမဟုတ်​သည့်​​လေတို့ကထိုပြာငယ်​တို့ကို ​ကောင်းမွန်​သည့်​​နေရာတွင်​လုံးဝထားမည်​မဟုတ်​​လေဘူး...

သေချာတာ​ပေါ့​လေမှာခံစားချက်​မှမရှိတာ _! ဒါဆို​လေထက်​ကြမ်းတမ်းတဲ့ငါက​ရော?! ဟိုစစဒီစစ​တွေးမိရင်​အဆုံးသတ်​တွင်​​တော့ အိပ်​မက်​ထဲကအ​ကြောင်းအရာကထပ်​၍နှိပ်​စက်​လာသည်​..

'ငါဘယ်​သူလဲ?? ဘာ​ကြောင့်​ဒီကို​ရောက်​​နေရတာလဲ တစ်​စုံတစ်​​ယောက်​ကသိခဲ့ရင်​​ပြော​ပေးကြပါ အနည်းဆုံး​တော့ဒီလိုအ​ကြောင်းမဲ့ကိုယ့်​ကိုကိုယ်​မုန်းမ​နေသင့်​ဘူးထင်​တာပဲ​လေ _´

မိမိ၏အ​တွေးသည်​ကျယ်​​လောင်​မ​နေသလို ပါးစပ်​မှထုတ်​​ပြောခြင်းလဲမရှိ..တစ်​စုံတစ်​ဦး၏အသံသည်​နားထဲနား​ထောင်​ရခက်​စွာဝင်​​ရောက်​လာ
သည်​..ထိုသူ၏အသံသည်​​အေးစက်​လွန်း​သော်​လည်း ထိုသူ၏အသံတွင်​မိမိအ​ပေါ်နားခံသည့်​သ​ဘောကို​ဆောင်​​နေ​သေး
သည်​....ထို့ပြင်​ထိုသူ၏စကားတွင်​ထပ်​ခါထပ်​ခါသုံးသည့်နာမ်​စားသည်​​တော့
သခင်​!!!_

" သခင်​က ကိုယ့်​ကိုကိုယ်​​တောင်​ဘယ်​သူမှန်းမှတ်​မိမ​နေရင်​ ဒီကို​ရောက်​​နေရတဲ့အ​ကြောင်းအရင်းကို​ရောပြီး​မြောက်​နိုင်​ပါ့မလား??_"

" ဘယ်​သူလဲ?_"

အသံသာကြားရပြီးထိုအသံပိုင်​ရှင်​သည်​​တော့ယခုထိတိုင်​လူလုံးထွက်​မပြ​ပေ...

" ​တောင်းပန်​ပါတယ်​သခင်​..အခုချိန်​မှာသခင်​ကကျွန်​​တော့်​ရဲ့စွမ်းအားကိုခံနိုင်​မှာမဟုတ်​ဘူး လူသားဖြစ်​​နေတဲ့အတွက်​ကျွန်​​တော့်​ဆီကစွမ်းအားကိုထိ​တွေ့မိရင်​ ပျက်​စီးသွားနိုင်​တာမို့ပါ _"

ထိုသူ၏စကားကိုအဆုံးထိဘာကိုဆိုလို​နေမှန်းနားမလည်​​သေး​သော်​လည်း မိမိအားအကြာကြီးစဉ်းစားရခက်​မ​နေ​စေ​ပေ...

" ငါကဘာ​ကြောင့်​ဒီကို​ရောက်​​နေတာလဲမင်းသိတာလား??_"

" သခင်​ဒီကို​ရောက်​​နေတာသိတဲ့ဒုတိ​ယသူဆိုပါ​တော့ _"

Devil System(U+Z)Where stories live. Discover now