Chapter《30 and 31》

Start from the beginning
                                    

ချူချုတဲ့ ကလေးတစ်ယောက်လည်း ဖြစ်သည်။သူ့မိသားစုက သူ့အပေါ်မှာ အလွန်သက်ညှာပေးခဲ့သည်။ အတန်းချိန်များမှာလည်း ကောင်းစွာ နားမထောင်ခဲ့မိပေ။ သူနဲ့သင့်တော်တဲ့ အလုပ်အကိုင်ကို ရှာဖွေဖို့က နည်းလမ်းမရှိခဲ့လေဘူး။

အဆုံးမှာတော့ တစ်ချိန်တုန်းက စန္ဒယား သင်ယူခဲ့တာကြောင့် ကော်ဖီဆိုင်တစ်ခုမှာ စန္ဒာယားတီးသူအဖြစ် အလုပ်ရခဲ့သည်။ ဖုန်းချွင်က ထိုအကြောင်းကို ကြားသွားသောအခါ သူ့သူငယ်ချင်းများကိုခေါ်လာပြီး နေ့တိုင်းနီးပါး သူ့ကိုအရှက်ခွဲခဲ့သည်။

အရာအားလုံး ပြီးနောက်မှာတော့ ပိုင်ရိဟန်ဆိုတာ မာနကြီးတဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ။ သူက လျှာကိုကိုက်၍ သည်းခံရန်သာ သင်ယူခဲ့ပြီး ငွေအနည်းငယ် ရယုံမျှဖြင့် အရှက်ရစရာ သဘောထားများကို ခံနိုငိရည်ရှိခဲ့သည်။

သို့သော်လည်း ဖုန်းချွင်က ရိဟန်အား ဒီအတိုင်းလွှတ်ပေးဖို့ ဆန္ဒမရှိလေဘူး။ သူ့သူငယ်ချင်းဖြစ်တဲ့ ခွေးကောင်များနဲ့ အတူတူ ရိဟန်အားဆေးခတ်၍ ဖုန်းချွင် ရဲ့မိသားစုပိုင်သော ဟော်တယ်သို့ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် သူ့ကိုအုပ်စုဖွဲ့ မုဒိန်းကျင့်ဖို့အတွက် ယောကျာ်းကြီးများကို ငှားရမ်းခဲ့၏။ သူတို့က ထိုမတော်တဆမှုရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများအား မရေမတွက် နိုင်အောင် ရိုက်ယူခဲ့ပြီး ဝေးလံ ကျယ်ပြန့်သည်အထိ ပြန့်နှံ့သွားစေသည်။ ရိဟန်ရဲ့ ဂုဏ်သတင်းက ပြိုပျက်ရလေသည်။

နောက်ဆုံးသူ မူးဝေဝေနဲ့ နိုးလာတဲ့ အချိန်မှာတော့ ဘာတွေဖြစ်သွားမှန်း နားလည်သွားရတာကြောင့် ပြိုကွဲလုနီးပါးပင်။ နာကျင်မှုများအားလုံးကို ဖြတ်သန်းပြီးနောက်မှာ သူမျှော်လင့်မိတဲ့ တစ်ခုတည်းသော ဆန္ဒက သူ့မိသားစုများဆီမှ နှစ်သိမ့်ပေးမှု တစ်ခုတည်းဖြစ်သည်။

သို့သော်လည်း ယိုင်နဲ့စွာနဲ့ အိမ်ပြန်သွားတဲ့ အချိန် သူမြင်ရတာက ကြမ်းပြင်အနှံ့ ပြည့်နှက်နေသည့် ဖော်ပြမရသော ဓာတ်ပုံများနဲ့ သူ့မိသားစုထံမှ စိတ်ပျက်သည့် အကြည့်များကိုသာ။ ဆေးအစွမ်းကြောင့် ဓာတ်ပုံထဲမှာ အဓမ္မပြုကျင့်ခံနေရတာလား ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူးဖြစ်နေသည်။ သူ့မိသားစုကတော့ အလွန်ကို စိတ်ပျက်သွားကြသည်လေ။

(Completed) Reborn as a good childWhere stories live. Discover now