“သက်သာပါတယ်”

“ဧကရီ နန်းလေ အဒေါ်ရှိတဲ့ မြို့ဆီ ခနပြန်မလို့
ဘာများ မှာလိုက်အုံးမလဲ”

“ရပါတယ်မလိုပါဘူး”

“ဟင်း ဒါဆိုရင် နန်းကိုသွားခွင့်ပြုပါအုံး”

“အေးကြည် ”

“ရှင်မမလေး ”

“မြို့စားမင်း ခွန်းစိုင်း ဆီသွားမယ်”

“ဟုတ်မမလေး”

မသွားမဖြစ်သလို ငါအောင်သွယ်ပေးရမယ့်
အတွဲတွေကို မြင်ချင်သေးတယ်

အိုက်ရားး အိမ်ရှင်သခင်ကြီးနဲ့
အစေခံကောင်လေး ဝိုး BDSM နဲ့ဆို
သောက်ရမ်း မိမိုက်ပီဟ...

လူကသာ ရိုးရိုးယဉ်ယဉ်ဝတ်ဆင်ထားပါသော်လည်း
အတွေးတွေမှောင်မိုက်နေသောအခါ.....

မတတ်နိုင်ဘူး ဖူဂျီဖြစ်ရင်
ဒါမျိုးက ကြုံကိုကြုံမာ....

~~~~~~~~~~~~~~

ယမင်း တဖြင့် ဧကရီ အခုရောက်နေတဲ့
ခြံကြီးကိုကြည့်ပီးစွံအနေတယ်

ဘာလို့ဆို သူတို့ကိုမြှားခေါ်တဲ့
စံအိမ်က အခု ခွန်းစိုင်းရဲ့ စံအိမ်နဲ့တထေရာထဲဖဲ

“မမလေး ဧကရီ အိမ်ထဲဝင်ပါအုံး သခင်ကြီးက
အခုရုံးမှာပါ”

“အော် ဧကရီမေ့သွားတယ် ဒီချိန် ခွန်းစိုင်းမရှိတာ”

သိတယ်ဟေ့ သိတယ်ဟ
တမင် ဥခဲလေး မြင်ချင်လို့ လာတာ

စိတ်ထဲကဖဲပြောမယ် အပြင်ထုတ်ပြောဝူး

၁၀မိနစ်လောက်လျှောက်လိုက်ရတယ်
ခြံက အခုမှ ပိုကျယ်နေသလိုဖဲ

အိမ်ပေါက်ဝက စံအိမ်နာမည်ကိုကြည့်မိတော့
နဲနဲတော့လန့်မိသား

မရဏ စံအိမ် အုစ်...

အပြင်မှာကတော့ ဇက်ကလေးပုဝင်နေသလို ဖြစ်နေတာတော့ ယမင်းသတိမထားမိလိုက်ပါ

ဥခဲလေးကို ဘယ်လိုရှာရမလဲ
အိမ်တော်ထိန်းကို လူစုခိုင်းရင်လဲ
အဆင်မပြေပြန် အိမ်တော်ထိန်းက ခွန်းစိုင်းရဲ့ယုံကြည်ရသောသူ

မတော် သံသယလူဆိုပီး
ခွန်းစိုင်းရဲ့ မြူတိမ်တိုက်ကိုပို့လိုက်မှ
ငါးကြီး ကုန်းပေါ် အသက်ငင်နေသလိုဖြစ်နေမှ
ကြည့်လှနေအုံးမယ်

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Tahanan ng mga kuwento. Tumuklas ngayon