"သက္ကရာက ဆွမ်းခံလိုက်ချင်မှန်းသိတယ် ဒါပေမယ့် ကိုကို ဒီထက်ပိုပြီး သက္ကရာကို အထိခိုက်မခံနိုင်တော့လို့ပါ ကိုကို့ကိုစိတ်မဆိုးပါနဲ့ သက္ကရာရယ် နော်..''

မိမိအား စိတ်ဆိုးပြီး တဖက်သို့စောင်းအိပ်သွားသော သက္ကရာ၏ ခေါင်းလေးအား ဥာဏ် ဖွဖွလေးပွတ်သပ်ပေးရင်း သက္ကရာအား ချော့မြူနေရသည် ။

*ကိုကို အခုကစပြီး သက္ကရာကို အမြဲစောင့်ရှောက်တော့မှာပါ *
.
.
.
.
.
.
.
.
လပြည့်နေ့ဖြစ်သောကြောင့် လမင်း၏ အလင်းရောင်က ပြတင်းပေါက်ကတစ်ဆင့် ဖြာကျနေ၍ သက္ကရာ၏ မျက်နှာလေး၌ လာထင်ဟပ်နေလေသည် ။

ညအချိန်ဖြစ်၍ တခြားကလေးများသည်လည်း အိပ်မောကျနေပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေလေသည် ။

ဘေးဘက်ကိုကြည့်တော့လဲ ကိုကိုက သက္ကရာ၏ လက်အားဆုပ်ကိုင်၍ အိပ်ပျော်နေသောကြောင့် ကိုကို့လက်အား အသာလေးဆွဲဖယ်ကာ အပြင်သို့ထွက်လာခဲ့သည် ။

လမင်းကြီးသည် ညအမှောင်ကောင်းကင်ယံထက်၌  အစွမ်းကုန်ထိန်ထိန်သာနေသောကြောင့် မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးများကိုပင် တစ်လုံးစ နှစ်လုံးစသာ တွေ့ရသည် ။

ထိန်ထိန်သာနေသော လပြည့်ဝန်း၏ အလင်းရောင်ကြောင့် ညနက်နေပြီဖြစ်သော်လည်း ပတ်ဝန်းကျင်၌ လူသူကွဲအောင်အထိ မြင်နေရသည် ။

တဖြူးဖြူးတိုက်ခက်နေသော ညလေသွေးအား သက္ကရာ တစ်ဝကြီးရှိုက်ရှူလိုက်သည် ။
မျက်လုံးနှစ်လုံးပွင့်တာနဲ့ မွန်းကြပ်လွန်းလှတဲ့ ပတ်ဝန်းကျင်ကြောင့် သက္ကရာက ညအမှောင်ယံကို ပို၍ နှစ်သက်သည် ။

လပြည့်ည၏အလင်းရောင်အားအမှီပြု၍ ညလေအေးကိုရှုရှိုက်ကာဖြင့် ကျောင်းဝန်းထဲ၌ တစ်ပင်တည်း ထီးထီးကြီးတည်ရှိနေသော ရေတမာပင်ကြီးအောက်သို့ သက္ကရာ သွားထိုင်ကာ ကောင်းကင်ယံ၏ အလှအား ငေးမောကြည့်နေမိသည် ။

ထိုအချိန်၌ သက္ကရာ အရှေ့သို့လာရပ်သော ခြေတစ်စုံကြောင့် သက္ကရာမော့ကြည့်လိုက်တော့ ကိုကိုဖြစ်နေလေသည် ။

သက္ကရာထသွားထဲက အိပ်မပျော်သေးသော ဥာဏ်က သက္ကရာနောက်သို့လိုက်လာခြင်းဖြစ်သည် ။
မိမိအားမော့ကြည့်နေသော သက္ကရာ၏ မျက်လုံးလေးများအား ဥာဏ်ကနားလည်စွာဖြင့်

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now