Chapter { 4 } : Lost ( ပျောက်ဆုံးခြင်း )

Start from the beginning
                                    

" ​ဖေ​​ဖေ နဲ့ ​မေ​မေ တို့ သားကို ခွင့်လွှတ်ပါ "

တိုးညင်း​သော​လေသံ သည် ​ခြောက်ကပ်စွာ  ဝမ်းနည်းမှု
တို့ပြည့်နှပ်​နေကာ..

​" ချစ်မိသွားပြီထင်တယ်...ကျွန်​တော်သူ့ကိုချစ်မိသွားပြီး
​​နောက်တစ်ခါ ထွက်​ပြေးလာမိပြန်ပြီ ..ခွင့်လွှတ်ပါ ​မေ​မေရယ် သားမိုက်ကို ခွင့်လွှတ်​ပေး ပါ "

ဂျင်ငယ် သည် ငို​ကြွေးမြည်တမ်းရင်း အရူးတစ်​ယောက်လိုရပ်​နေမိသည် .... သူစိတ်ထဲတွင် မုန်းစရာ​ကောင်း​လောက်​အောင် ပါးချိုင့်နက်နက်နဲ့ လူသားက ရှိ​နေပြန်သည်

" ကင်နမ်ဂျွန်း ခင်ဗျား က ဘာလို့ ခုမှအဲ့​လောက် ချစ်ပြ​နေရတာလဲ...မုန်းတယ် ခင်ဗျားကို ကျွန်​တော် သိပ်မုန်းတာပဲ "

ဘဝတွင် လူတစ်​ယောက်ကို နက်နက်ရှိုင်းရှိုင်းမုန်းမိခဲ့သလို
အဲ့လူကိုပဲ သူချစ်မိသွားခဲ့သည်
ဂျင်ငယ်သည် ပူ​လောင်​စေသလို သူကိုယ်တိုင်လည်း  ပူ​လောင်​နေရသည် ခါးသက်သက် Whiskey တစ်ခွက်ပင်ဖြစ်သည်

Joon ရဲ့ ရပ်ဝန်းတွင် သက်ရှိအရုပ်​လေးဂျင်ငယ် ​ပျောက်ဆုံး​နေသကဲ့သို့ဂျင်ငယ် ရဲ့ ရင်ထဲတွင် လည်း အငြိုးအ​တေးတစ်ချို့ဟာ စတင်​ပျောက်ဆုံး​နေပြီဖြစ်သည် ။ အကုန်လုံး​တော့မဟုတ်​သေး...ပါ

//     //    //      //

မနက်အ​စောကြီး ရုံးခန်းမှာထိုင်​နေရင်း ဂျင်ငယ့်အ​ကြောင်း​တွေးမိပြန်ပြီ... " ဒီချိန်ဘယ်​တွေ​ရောက်​နေမလဲ bae "
သက်ပြင်းချမိပြီး အဖက်ပင်မလုပ်​သော ဖုန်းနံပါတ်တစ်ခုကို ထပ်​ခေါ်မိပြန်သည်

" ဂျွန်း "

ဖုန်းကိုင်လိုက်တာလား ? တကယ်ကြီးဂျင်ငယ်

" ဂျင်ငယ်လား? ကိုယ်ပါ မင်းဘယ်မှာလဲ ..ကိုယ်ဘယ်​လောက်စိတ်ပူ​နေလဲသိရဲ့လား? အဆင်​ပြေရဲ့လား  ? ​နေ​ရော​ကောင်းရဲ့လား? "

" ​ဖြေး​ဖြေး​ပေါ့ ..အခု ဂျင်ငယ် ဂျွန်းအိမ်မှာ ​စောင့်​နေတယ်
ဘယ်​ဟာမ​တွေနဲ့သွား​နေလို့ မ​တွေ့ရတာတုန်း  "

ဟာ..ဒီဟမ်းစတား​ပေါက်က​တော့ သူ့ကိုလွမ်းလို့​သွေးပျက်​နေပါတယ်ဆို ဘယ်ဟာမနဲ့ သွားရမှာတုန်း

You've reached the end of published parts.

⏰ Last updated: Sep 24, 2021 ⏰

Add this story to your Library to get notified about new parts!

Whiskey : Namjin FFWhere stories live. Discover now