“ယွန်းဂျီပါ ”

“ဒါဆို တလှေတည်းစီးတွေ ဖြစ်ကုန်ပီဆိုတော့ စည်းလုံးကြတာပေါ့”

“မေတို့စံအိမ်ထဲဝင်ကြတော့မလား”

“ကိုယ် သော့ဖွင့်လိုက်မယ်”

သော်တာ သော့ကို ကိုင်တာ စံအိမ်တံခါးကိုဖွင့်လေတယ်။ မသုံးတာ ကြာပီထင်ပ့ါ သော့က တော်တော်နဲ့ဖွင့်မရ.....

စံအိမ်ကိုကြည့်ရပုံက စံအိမ်က ရှေ့စော်ဘွားတွေနေခဲ့တာဖြစ်မယ် တော်တော်အိုဟောင်းနေပီ

စံအိမ်နာမည်က ဘာတဲ့ အိုးး ရှေ့က စာတွေကပျက်ကုန်ပီ ဟုတ်မှာ‌ပါလေ နှစ်ချီလများကြာနေပီကို...

ခြိမ်းးဂျလောက်....ဂျီးးဂျီးးး

“အဟွတ်ဟွတ်”

“ဖုန်တွေကလဲ တအားဖဲ တို့တွေ သန့်ရှင်းလုပ်ပီးမှနားရမယ် ထင်တယ် ”

“ဟွန်း ....အက်တာဆို ယွန်းတို့ တန်းအိပ်ပျော်မှာသေချာတယ် ပင်ပန်းပီး”

“သော်တာနဲ့ မေက သန့်ရှင်းရေးလုပ်လိုက်မယ် ယွန်းနဲ့ ယမင်းက ညစာ စားဖို့ တခုခု သွယးဝယ်လိုက်ကြလေ”

“‌ယမင်းတယောက်တည်းသွားဝယ်လိုက်ပါမယ် ဒီစံအိမ်ကိုလာတုန်းက ယမင်း ပတ်ဝန်းကျင်ကိုလေ့လာခဲ့တယ်

လမ်းထိပ်မှာ ထမင်းဆိုင်လေးနဲ့ ကုန်စုံဆိုင်လေးတွေ့ခဲ့တယ်”

“အွန်းး ဂရုစိုက်သွား ယမင်း”

ဟူးပင်ပန်းလိုက်တာ စံအိမ်က အကြီးကြီး  တနေရာစာနေဖို့ သန့်ရှင်းရေးလုပ်တာတောင် တော်တော်ကြာတယ် တအိမ်လုံးသာ လုပ်လိုက်ရရင်တော့

တလလောက် အချိန်ကုန်နိုင်တယ်....

ရောက်လာတာက ညနေ
သန့်ရှင်းရေးလုပ်တာနဲ့ရေမိုးချိုးလိုက်တော့ ၈နာရီထိုးသွားရော.....

ယမင်းလဲ စားစရာ သွားဝယ်ပီးထဲက တမှိုင်မှိုင်နဲ့
မနေနိုင်သူ သော်တာကဖဲ မေးလိုက်ရတာပေါ့

“ယမင်း ဘာဖြစ်နေတာလဲ ပြန်ရောက်ထဲကိးတ်နဲ့လူနက်မကပ်သလိုဖဲ...”

ယမင်းလဲ သူကြုံခဲ့ရတာကိုပြောပြတော့တာပေါ့

Flash back>>>>>>

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now