Chapter《24 and 25》

Start from the beginning
                                    

"ဒါကနင်နဲ့မတူဘူးနော်, ဒီကမ္ဘာပေါ်မှာ ဖြေရှင်းလို့မရတဲ့ အရာဆိုတာ မရှိဘူး, နင့်ကို ဘယ်အရာက ဒီလောက် အခြေအနေထိ ရောက်အောင် လုပ်နေတာလဲ ငါကြားချင်တယ်" ရွှယ်ချင်းက သဘောမတူနိုင်စွာဖြင့် ဆက်ပြောလေသည်။

သူက မျက်လုံးများမှိတ်ထားရာမှ ရုတ်တရက် ခတ်မတ်မတ် ထထိုင်လိုက်၏။ သူ့မျက်လုံးများကတော့ ရွှယ်ချင်းမျက်လုံးတွေကို စူးစိုက်ကြည့်နေသည်။

"နင်တကယ် သိချင်တာလား?"

သူမက တွန့်ဆုတ်မှုမရှိ ခေါင်းညိတ်ပြသည်။

ကျင်းယွမ်က ပြန်လှဲချလိုက်ပြီး သက်ပြင်းခပ်လေးလေးချလေသည်။

"ငါတစ်စုံတစ်ယောက်ကို ချစ်မိသွားလို့, ဒီဘဝမှာ ဘယ်တော့မှ မရနိုင်တဲ့ တစ်စုံတစ်ယောက်"

ရွှယ်ချင်းရဲ့ နှလုံးသားက မွမ်းကျပ်သွားရသည်။

"နင့်အဆင့်အတန်း နင့်ဉာဏ်ရည်နဲ့ နင်သာ တကယ်ကြိုက်ရင် ဘယ်သူ့ကိုများ မရပဲ နေမှာလဲ?"

"နင်နားမလည်ပါဘူးဟာ, ခံစားချက်တွေ အချစ်တွေက အဆင့်အတန်းနဲ့ လှည့်ကွက်တွေကနေ ရနိုင်တဲ့အရာမဟုတ်ဘူး, ဘာပဲဖြစ်ဖြစ် သူက ငါ့ကို ကြိုက်တောင် မကြိုက်ပါဘူး, သူက ငါ့ကို သူ့အကိုကြီးတစ်ယောက်လိုတွေးတာ, မဟုတ်သေးဘူး, အခုဆို သူငါ့ကို ဘယ်လိုတွေးလဲတောင် မသိတော့ဘူး" ကျင်းယွမ်က နောက်တစ်ဖန် ခါးသက်သက်ရယ်သံဖြင့် ပြန်ဖြေသည်။

"အဲ့ဒီလိုဆိုရင်လည်း ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်နေသေးလဲ? ဘာလို့ သူ့ကိုလက်လွှတ်ပြီး တစ်ခြားသူတွေကို မကြည့်လဲ?" သူမက မေးသည်။

ကျင်းယွမ်က နောက်တစ်ဖန် သက်ပြင်းချပြန်သည်။

"ရွှယ်ချင်း, နင်က ဘယ်တုန်းကမှ အချစ်စစ်ကို မတွေ့ကြုံဘူးဘူး, နင်နားလည်မှာ မဟုတ်ဘူး, အချစ်ဆိုတာ မေ့လိုက်မယ်ဆိုတာနဲ့ မေ့လို့ရနိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူးဟ, အဲ့ဒီလို မလုပ်နိုင်လို့လည်း ငါအခုလို ခံစားနေရတာပေါ့"

"အကယ်၍ နင်လက်မလွှတ်နိုင်ဘူး ဆိုရင်လည်း လိုချင်တာကို သွားခိုးဟာ" ရွှယ်ချင်းက မျက်မှောင်ကျုံ့ပြီး ပြောသည်။

(Completed) Reborn as a good childWhere stories live. Discover now