သူ့ရဲ့ အတိတ်ဘဝနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်ရှိဘဝမှာ ခန့်မှန်းရခက်တဲ့ ရွှယ်ယို့ရှန်းဆိုတဲ့ ကောင်လေး ရှိနေတာကလွဲလို့ တခြားဘာပြောင်းလဲမှုမှ မရှိသေးဘူး။ ပုံမှန်အတိုင်းဆိုရင် ဒီတံခါးရဲ့အနောက်မှာ ဘာထောင်ချောက်မှမရှိဘူး။ ဒါကို သူသိထားပြီးသား။ အခန်းထဲကို ကြောက်စရာမလိုဘဲ ဝင်သွားလို့ရတယ်..!

ကျောက်သားတံခါးကို ရင်းဆုယဲ့ တွန်းဖွင့်လိုက်တဲ့အချိန် ရွှယ်ယို့ရှန်းခမျာ ဘာစကားမှမပြောနိုင်ခဲ့ဘူး။ တစ်ခဏလေးအတွင်း ကျောက်သားအခန်းထဲကနေ ဖြာထွက်လာတဲ့ ရွှေရောင်အလင်းတန်းတွေကြောင့် သူ့ရဲမျက်လုံးတွေတောင် ပြာဝေသွားရတယ်။

ဒီအခန်းထဲက ရွှေ၊ ငွေ၊ ရတနာတွေနဲ့ပက်သက်ပြီး တစ်ယောက်ယောက် ရှင်းပြပေးနိုင်မလား..? ဒါက သူနိုးလာတဲ့အခန်းနဲ့ လုံးဝကွာခြားနေပြီ..!

လှပတဲ့ သလင်းကျောက်အခေါင်းကြီး ပျောက်ကွယ်သွားရုံတင်မကဘူး။ အခန်းရဲ့ အကျယ်အဝန်း၊ အပြင်အဆင်ကအစ အရာအားလုံး ကွာခြားသွားခဲ့ပြီ..!

သူထွက်လာတဲ့လမ်းနဲ့ အခုလမ်းကြောင်းနဲ့က မတူတာများလား..? ဒါပေမဲ့လည်း လိုဏ်ဂူကြီးထဲမှာ ဒီလမ်းတစ်ခုပဲ ရှိတာပါ။ လမ်းခွဲဘာညာလည်း မတွေ့မိပါဘူး။ ပြီးတော့ အခန်းမှားစရာလည်း မရှိပါဘူး..!

အဲ့တာဆို အစောပိုင်းက သူနိုးလာတဲ့ ကျောက်သားအခန်းကြီး ဘယ်ရောက်သွားတာလဲ..?

-ပစ်လဲကျသွား..!!!

သူ ရိုက်ကွင်းမှားပြီး ရောက်သွားတာများလား..?

(TN : Anime တွေထဲက တစ်စုံတစ်ခုကိုလန့်ပြီး လဲကျသွားသလိုမျိုး ခံစားချက်ကို ပြောတာပါ။ တကယ်လဲကျသွားတာ မဟုတ်ပါဘူးနော်။ ပြီးတော့ ရိုက်ကူးများတယ်ဆိုတာက ရုပ်ရှင် Studio တွေထဲမှာ Indoor ရိုက်ကွင်းတွေ အများကြီး ရှိတတ်ပါတယ်။ အဲ့တာကြောင့် သူ တခြားရိုက်ကွင်း- ဇာတ်ကြောင်းကို မှားဝင်သွားမိတာလားလို့ ပြောချင်တာပါ။)

ဒီဇာတ်ကြောင်းက ဆန်းကြယ်မှုတွေနဲ့ချည်း ပြည့်နှက်နေတာ။ ဘယ်လိုပဲကြည့်ကြည့် ကျိန်းသေပေါက် စုံထောက်ဝတ္ထုပဲ ဖြစ်ရမယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now