"ဟေ့ ဂေါ်ဒန်ဘုရင် တရားမျှတတဲ့ဒီစစ်ပွဲမှာ ကျုပ်နိုင်တယ်"

ဂေါ်ဒန်က ဘန်ဂျမင်ကို တချက်မျှကြည့်ပြီး လက်တဖက်ကို ထောင်ပြကာ သူ၏စစ်သည်များကိုတပ်ဆုပ်ရန် အချက်ပြလိုက်သည်။

အကုန်ကျောခိုင်းပီးချိန်တွင် မြေပြင်ပေါ်သို့ ပြိုလဲသွားသော ဘန်ဂျမင်၏ကိုယ်ခန္ဓာ။ အမြင်အာရုံအတွင်းမှာတော့ ချစ်ရသူအားနောက်ဆုံးပေးခဲ့တဲ့ သူပြန်လာခဲ့မယ်ဆိုတဲ့ကတိ တခု။

'တောင်းပန်ပါတယ် ဂျုံဆောင်း'

...................................

ကုန်ဆုံးသွားတဲ့နွေနဲ့အတူ ‌ဂျုံဆောင်းရဲ့နွေဟာလည်း ထွက်သွားတဲ့အချိန်ကစ ပေါ်မလာခဲ့တော့ချေ။ကျောင်းတွေပြန်ဖွင့်နေပြီ
ဂျုံဆောင်းက အလုပ်တဖက်ဖြင့်
ကျောင်းတက်နေရပြီ။ ဆောင်ဟွန်းကတော့
မိဘများခွင့်ပြုချက်နဲ့ UKမှာကျောင်းတက်ခွင့်ရခဲ့သည်။ဒါက သူနဲ့မတူပဲအရာရာမှထူးချွန်လွန်းသည့် ဆောင်ဟွန်းအိမ်မက်ပဲ။ဆောင်ဟွန်းမသွား‌ခင် နောက်ဆုံးအနေနဲ့နှုတ်ဆက်ပွဲလေးလုပ်ဖြစ်ပြီး ဆောင်ဟွန်းလိုအပ်တာတွေ သူဝယ်ပေးခဲ့သေးသည်။အမှတ်တရဖြစ်စေဖို့ ဂျုံဆောင်း အချိန်ပိုင်းလုပ်အားခလေးစု၍ Necktie clickလေးဝယ်ပေးဖြစ်သည်။တစ်ဦးတည်းသော သူငယ်ချင်းကလည်း ဂျုံဆောင်းကိုထားခဲ့ပြီ။

ဂျုံဆောင်းကတော့ ဘယ်အချိန်မှရောက်လာမှန်းမသိ‌တဲ့ လူတစ်ယောက်ရဲ့နောက်ဆုံးပျောက်ကွယ်ခဲ့သည့်နေရာကို အမြဲတမ်းသွား၍စောင့်ဆိုင်းမိသည်။တရက်မှမပျက်ခဲ့ဘူး။အလုပ်တွေရော ၊ကျောင်းစာတွေရော
ပင်ပန်းနေသည့်ကြားက ယခုလည်းking Arthur' Grave ရှေ့မှာသူစောင့်နေသည်။

အချိန်အားဖြင့် ည၁၀နာရီပင်ရှိပြီမို့ သံဖြင့်ပြုလုပ်ထားသော ခုံတန်းဖြူပေါ်မှာထိုင်နေသည့် ဂျုံဆောင်းကို ခြင်တွေပင်ကိုက်နေပြီ။
ကောင်းကင်ပေါ်က လမင်းက ဝိုင်းစက်စွာတစ်ကိုယ်တည်းထွန်းလင်းနေသည်ကို ဂျုံဆောင်းကြည့်ပြီး
အနည်းဆုံးတော့ သူတစ်ယောက်ထဲမဟုတ်ဘဲ လမင်းကြီးကအဖော်ရှိနေပေးသည်ပဲ။
ဒီနေ့လည်း ပေါ်မလာတဲ့သူကို အပြစ်မဆိုသာ။ဂျုံဆောင်းပြန်ရန်ဆုံးဖြတ်ရသည်။

My Heart In Parallel UniverseWhere stories live. Discover now