"ဟုတ်"

"သူ့ကို Black List သွင်းထားတယ်ဆို"

"ဟုတ်"

"ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့သူကို အဲ့လိုလုပ်စရာလား။ လူပင်ပန်းရတဲ့ကြားထဲ စိတ်ပင်ပန်းအောင် ထပ်မလုပ်နဲ့သားသား။ Block ဖြေ‌ပေးလိုက်ပါ"

"ဟုတ်"

"ဖုန်းခေါ်ရင်လည်း ကိုင်လိုက်ဦး"

"ဟုတ်"

"ကလေးလည်း မဟုတ်ဘူး အကြာကြီး စိတ်ကောက်မနေနဲ့တော့။ အလုပ်လုပ်နေတဲ့သူကို နားလည်မှု ပေးရမှာပေါ့"

"ဟုတ်"

မမားက လင်းရာကိုဆူကာ ဖုန်းချသွားသည်မို့ လူကြီးကို သိပ်မကြည်ချင်တော့ပေ။ လူကြီးဖုန်းကို Block ဖြေပေးပြီး သိပ်မကြာခင်မှာဘဲ လူကြီးက ဖုန်းခေါ်လာလေသည်။

"ဘေဘီ"

"ခင်ဗျားကြီး တစ်ခုခုဆို ဘာလို့ မမားကို လှမ်းပြီးတိုင်နေရတာလဲ။ ကျွန်တော် စိတ်ဆိုးပြေတဲ့အထိ ခင်ဗျားဘာသာခင်ဗျား စိတ်ဆိုးပြေအောင် ချော့မယ်လို့ မတွေးဘူးလား"

"ကိုယ်ချော့မလို ဖုန်းခေါ်တာကို ဘေဘီက Black List ထဲ ထည့်ထားတာလေ။ ဘယ်လိုချော့မလဲ"

"ဒီတစ်ကမ္ဘာလုံးမှာ အဲ့ SIM CARD နှစ်ကဒ်ပဲ ရှိတော့တာလား။ ခင်ဗျားသုံးနေတဲ့ ကဒ်တွေကို Black List ထဲထည့်ထားရင် တခြားဖုန်းနဲ့ခေါ်လေ။ ဖွားဖုန်းလည်းရှိတယ်။ အတင့်ဖုန်းလည်းရှိတယ်။ မရ ရတဲ့ ဖုန်းနဲ့ခေါ်လေ။ ကဒ်အသစ်ဝယ်ပြီး ခေါ်လို့လည်းရတယ်။ ကျွန်တော့်ကို ဆက်သွယ်ချင်ရင် ဆက်သွယ်လို့ ရတဲ့နည်းလမ်းတွေမှ အများကြီးပဲ။ ဆင်းကဒ် တစ်ကဒ်မှ ၂၀၀,၃၀၀ပဲ ရှိတယ်။ ဈေးအကြီးဆုံးမှ ၅၀၀ရယ်။ ကဒ်၂၀လောက်ဝယ်ပြီး ကျွန်တော် ဖုန်းမကိုင်မချင်း ခေါ်လို့ရတယ်လေ။ ကျွန်တော် Black List သွင်းထားတာ ခင်ဗျား ခုသုံးနေတဲ့ ဆင်းကဒ်နှစ်ကဒ်ထဲရယ်။ တစ်ကမ္ဘာလုံးမှာ ရှိသမျှကဒ်ကို Block ထားတာ မဟုတ်ဘူး။ ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်ရင် တကယ်ချော့ချင်ရင် နည်းလမ်းပေါင်းစုံ သုံးလို့ရတယ်။ သုံးလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးပဲ"

စိတ်တွေဆိုးကာ စကားတွေအများကြီးပြောပြီး ရန်တွေ့နေသည့် ကိုယ့်ကလေးလေးတော့ မောနေရှာတော့မယ်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now