#Unicode
"ငါ မကတော့ဘူး"
"ဟာကွာ လင်းရာက လုပ်ပြီ။ မင်းပဲ ကမယ်ဆို။ ငါနဲ့သာထူးနဲ့ သီချင်းတောင် ရှာပြီးပြီကိုကွာ"
"ဟို . . . ငါ မကချင်တော့ဘူး။ Welcome ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ထဲဝင်ပြီး လိုအပ်တာတွေ ဝိုင်းကူးပေးတော့မလို့"
"ဗြုန်းစားကြီး ဘာဖြစ်ရတာတုန်း။ ဘာလို့ မကချင်တော့တာလဲ ပြော"
"ဒီတိုင်း မကချင်တော့လို့ပါကွာ မင်းတို့ကလည်း နားလည်ပေးနော်"
"မင်းပဲ အမျိုးမျိုး"
"ငါမပါလည်း မင်တို့ခြောက်ယောက်ထဲပဲ ကလိုက်လေနော်"
"နေတော့။ ငါတို့က Robot က ကမလို့ သင်ပေးမယ့် အကဆရာတောင် ခေါ်ထားတာ"
"တကယ်"
"အင်း"
Robot ကဆိုတော့ လင်းရာစိတ်ဝင်စားပါသည်။ ပထမနှစ်ကတော့ လင်းရာတို့အဖွဲ့ကို ကလေးတွေ ချစ်ဖို့ကောင်းတယ်ဆိုပြီး သျှောင်ပေဆူးအက ကခိုင်းပေသည်။ ဒီနှစ်တော့ အဲ့လို ကလေးဆန်တာမျိုးတွေ မကချင်ပေ။ စက်ရုပ်အကကိုတော့ လင်းရာ စိတ်ဝင်စားသည်။ ဒါပေမဲ့ လူကြီးက Welcome မှာ မကဖို့ အတန်တန်မှာထားပေသည်။
သူငယ်ချင်းတွေနဲ့ ကန်တင်းမှာ ထိုင်ပြီး Welcome မှာကဖို့ ဆွေးနွေး တိုင်ပင်နေကြတာဖြစ်သည်။ လူကြီးကို Welcome မှာ ဝင်ကချင်တယ်လို့ ခွင့်တောင်းကြည့်ရင် ကောင်မလား။
လင်းရာ စဉ်းစားနေတုန်းမှာပဲ လူကြီးတို့အဖွဲ့က ကန်တင်းထဲ ဝင်လာပြီး လင်းရာတို့ဝိုင်းတွင် လာထိုင်ကြသည်။ လူကြီးက လင်းရာဘေးတွင် ဝင်ထိုင်သည်မို့ ခွင်တောင်းဖို့အတွက် အဆင်သင့်ဖြစ်သွားရသည်။
လူကြီးအနားကိုကပ်ပြီး နှစ်ကိုယ်ကြားလေး စကားတိုးတိုး ပြောရသည်။
"လူကြီး"
"ဟင်"
"ထူးခြားတို့က Welcome မှာ စက်ရုပ်က ကဖို့ အကဆရာခေါ်ထားတယ်တဲ့"
"အဲ့တော့"
"ကျွန်တော်လည်း ဝင်ကချင်တယ်"
"မကရပါဘူး"
"ကချင်လို့ပါဆို လူကြီးကလည်း။ တစ်ပုဒ်ထဲပဲ ကမှာလေဗျာ . . . နော် . . . နော် . . . နော်လို့"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။