#Unicode
သူငယ်တော်ကပြီးတော့ လင်းရာတို့ တစ်ဖွဲ့လုံး မမားတို့အဖွဲ့ဆီကို အမြန်ပြေးရသည်။
"မမား"
"မမား ဒီမှာ။ သားသားဒီကိုလာ"
သားသားတို့အဖွဲ့ရဲ့ ကြက်တောင်စည်းတွေကို အမြန်ဖြေပြီး ကြက်တောင် တစ်ခုထဲ ပြောင်းစီးပေးကြရသည်။ ထို့နောက် သူငယ်တော် မိတ်ကပ်ရဲ့ ပါးနီဝိုင်းလေးပေါ်ကို သနပ်ခါးလေးထပ်တင်လိမ်းပြီး ပါးကွက်ဝိုင်းလေးရဲ့ဘေးမှာ သွားကြား ထိုးတံလေးနဲ့ အစက်လေးတွေချပေးရသည်။
"ပြီးပြီ သားသားတို့အဖွဲ့ အမြန်သွား။ ဒီမမတွေ ကပြီးရင် သားသားတို့ပြန်ကရမှာမို့လား"
"ဟုတ်"
"သွားသွား မြန်မြန်"
Trade တစ်ခုကို ဖျော်ဖြေဖို့အချိန် ၂၅မိနစ်ရကြတာမို့ ထိုအချိန်တွင်းမှာ အကောင်းဆုံး ဖျော်ဖြေကြရသည်။
လင်းရာတို့တစ်ဖွဲ့လုံး ကရမည့် စင်နေရာရှိရာ ပြန်ကြတော့ လင်းရာရဲ့ ကြက်တောင်စည်းလေးကို စောင့်ဆွဲခံလိုက်ရပြန်သည်။
ဒီတစ်ခါတော့ ငြိမ်မခံနိုင်တော့တာမို့ ခြေထောက်နဲ့နောက်ပြန် ကန်ပြစ်လိုက်တော့ 'အ'ဆိုတဲ့ အသံတစ်ချက်ကြားလိုက်ရသည်။
သေချာတာကတော့ ခွကြားတည့်တည့်က ချက်ကောင်းကို ထိထိမိမိကို ကန်လိုက်နိုင်သည်။
နောက်တစ်ခု သေချာတာကတော့ မနေ့ကလူကြီးပဲဖြစ်မှာပါ။ လင်းရာ လှည့်ကြည့်လိုက်တော့ အဟုတ်ကို မနေ့ကလူကြီးပါ။ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အထာနဲ့ လျှာလေးထုတ်ပြောင်ပြလိုက်တော့ ထိုလူကြီးက လက်သီးရွယ်ပြလာသည်။
"မကြောက်ပေါင် သောင်းခြောက်ထောင်ပါခင်ဗျာ"
ပြောချင်ရာပြောပြီး လင်းရာတို့ ကရမည့်နေရာသို့ ပြန်ပြေးလာခဲ့လိုက်သည်။
"ဟားးးဟားးး စစ်ပိုင် မင်းယောက်ဖလေးက မကြောက်ပေါင် သောင်းခြောက်ထောင်တဲ့"
"ဘယ်လိုလဲ တော်တော်မှ ထိမိသွားရဲ့လား။ ငါတို့ ကူခါပေးဖို့လိုသေးလား"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။