🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..

Comincia dall'inizio
                                    

"သြော်...ဟုတ်ဒီမှာ.."

သဒ္ဒါကဝမ်းမြောက်တက်ကြွစွာနဲ့ သူ့လက်ထဲကဖုန်းကို မိုးပင်လယ်လက်ထဲထည့်ပေးလာတယ်။ဖုန်းထဲကဓာတ်ပုံကိုကြည့်ပြီး သူနဲ့နွေဦး မျက်လုံးချင်းဆုံသွားကြတယ်။သေချာတာကတော့ သူတို့မြင်လိုက်တဲ့အလင်းရောင်က ဒီဖုန်းကထွက်လာတာမဟုတ်ဘူး...ဖုန်းထဲကသူတို့ပုံက မှောင်နေတယ်။Flashဖွင့်ရိုက်မိထားတဲ့ပုံမဟုတ်ဘူး...ဘယ်သူကများသူတို့ပုံကိုရိုက်သွားပါလိမ့်။မိုးပင်လယ် ဖုန်းကိုပြန်ပေးလိုက်ပြီး..

"သဒ္ဒါ ..ဆရာ့ဆီကိုခုနကပုံလေး ပို့ပေးထားဦး"

"ဟုတ်ကဲ့"

ခေမီကတော့ပေါ်တင်ပဲ မျက်နှာကိုရှုံမဲ့ပြီး...
"ဒီနေ့ ပြန်ကြဦးမှာလား...ငါအရမ်းပင်ပန်းနေပြီ...အလုပ်မဟုတ်တာတွေလုပ်နေကြည့်နေရတာ"

ခေမီဂျေဝင်နေတာလေးက တကယ်ချစ်ဖို့မကောင်းပါဘူး။သူ့ကိုလဲဘယ်သူမှ ကြည့်မနေခိုင်းပဲနဲ့...မျက်နှာလွှဲနေလဲရနေတာပဲကို..

နွေဦးစိတ်ထဲမှာ ခေမီ့ကိုကြာလေချဥ်လေဖြစ်နေတာကိုဘယ်လိုမှထိန်းချုပ်လို့မရတော့ဘူးဖြစ်နေပြီ။သူ့ကိုယ်သူလဲဘယ်လိုမှတရားချလို့မရတော့လို့ စိတ်လေနေရတယ်။တကယ်ကို အဲ့လိုမဖြစ်ချင်ပါဘူးဆိုမှ။

ခေမီကတော့ လိုချင်တာမရတဲ့ကလေးတစ်ယောက်လို ဘယ်သူ့ကိုမှမစောင့်တော့ပဲ ရှေ့ကနေဘောက်ဆတ်ဆတ်နဲ့သွားနေတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူ လှေစီးဖို့က သူတို့ကိုစောင့်မှရမှာ။သူတို့ကတော့ခပ်မှန်မှန်ပဲလမ်းလျှောက်ပြီးသွားနေလိုက်တယ်...အပန်းဖြေခရီးထွက်လာတာလေ...လောင်မြိုက်နေဖို့မှမဟုတ်တာပဲ။

"ကိုထွဋ်..အစ်ကို တစ်ကယ်ကိုပဲCameraသမားတစ်ယောက်မှမတွေ့လိုက်ဘူးလား"

မိုးပင်လယ်ကတော့ မကျေနပ်သေးပဲ ထပ်မေးနေပြန်တယ်...နွေဦးလဲသိချင်တာမို့ နားစွင့်ထားလိုက်တယ်...တကယ်တော့လဲ နားကသီးသန့်စွင့်စရာမလိုပါဘူး..အတူတူယှဥ်လျှောက်နေတော့ ကြားနေရတာပဲ။

ကိုထွဋ်ကခေါင်းခါပြီး...
"ငါတော့ မတွေ့လိုက်ဘူးထင်တာပဲကွ..ဒါပေမဲ့တကယ်တော့ ရှိရင်လဲရှိခဲ့မှာပေါ့..ငါလဲမင်းတို့၂ယောက်ကိုငေးနေမိတာနဲ့...ဖြူနှင်းတို့ရိုက်လိုက်တာမဟုတ်ဘူးလား"

?Daffodils[Complete]Dove le storie prendono vita. Scoprilo ora