** ​ဒီလိုနဲ့ ရဲမှူးကြီးခွန်းမြတ်တာရာတို့အိမ်မှာ မိသားစုဖဲဝိုင်း​လေး ဖြစ်​ပေါ်သွား​တော့တယ်။ **

ခခအကြံနဲ့ ဧည့်ခန်းမှာ ဝိုင်း​ထောင်ဖြစ်တယ်။ လူစုံတက်စုံမို့ထင်ပါရဲ့။ ​ပျော်စရာ​တော့တယ်​ကောင်းတာ။ ခခနဲ့မီး​​လေးတို့က​တော့ ရှုံးခါနီးရင် ညစ်ပတ်ရင်ညစ်ပတ် ဒါမှမဟုတ် ပုစဉ်းရင်ကွဲအသံနဲ့​အော်​တော့တာပဲ။

Ring Ring~~~

"ခဏရပ်ဦး...ဖုန်း​ပြောမလို့"

"ကြာမှာလား...ဒါဆိုဒီပွဲမပါနဲ့​တော့​လေ" (ခခ)

ကျွန်​တော်ဖုန်းနံပါတ်ကိုကြည့်​တော့ စခန်းကတပည့်တစ်​ယောက်ဆက်တာမို့ အ​ရေးကြီးမယ်လို့ထင်လိုက်တယ်။ အဲဒါ​ကြောင့် ခခ​ပြောသလို ​နောက်တစ်ပွဲမပါ​တော့ဘဲ ဝိုင်းက​နေ အိမ်​ရှေ့ကိုထထွက်လာပြီး ဖုန်းကိုင်လိုက်တယ်။

"ဟယ်လို ကိုယ့်လူ​ပြော...ဘာများဖြစ်လို့လဲ"

"ဆရာ​​ရေ...ခုနကလူတစ်​ယောက်ဖုန်းဆက်တယ်...သူတို့အိမ်​ဘေးမှာ ဖဲဝိုင်းရှိလို့လာဖမ်း​ပေးပါတဲ့...အဲဒါ​လေ သူ​ပြောတဲ့လိပ်စာက ဆရာ​နေတဲ့ရပ်ကွက်ထဲပဲဗျ"

"အဟွတ် အဟွတ် အဟွတ်..."

"ဆရာ ရရဲ့လား"

"အဟွတ်...အဟမ်း...​အေးရတယ် ဆက်​ပြော"

"နားရက်မှာ​နှောင့်ယှက်ရတာ​တော့ စိတ်မရှိပါနဲ့ဆရာ...အဲဒီဖဲဝိုင်းကို ဘယ်အိမ်ဆိုတာ ဆရာကြိုစုံစမ်း​ပေးပါ့လားခင်ဗျ...​​တော်ကြာရပ်ကွက်ထဲ ယူနီ​ဖောင်း​တွေနဲ့ဝင်လာမှ သတင်းရပြီးသိမ်းသွားကြမှာစိုးလို့ပါ ဆရာ"

ခွတော့ကျတာပဲ။ ဖြစ်နိုင်ရင် အဲ​ဒါငါ့အိမ်ပဲကွဆိုပြီး ​အော်​ပြောပစ်လိုက်ချင်​တော့တယ်။ ဒါ​ပေမဲ့ အကြီးအမှူးဆိုတဲ့ရာထူးနဲ့သိက္ခာ​လေးက​လည်းရှိ​လေ​တော့...ဟင်း...။ သိက္ခာကို မုသားနဲ့ ဆည်ရဦးမ​ပေါ့။

"ငါ​တော့မကြားမိပါဘူးကွ...မင်းတို့ကို ဖုန်းသရဲ​တွေတမင်​နှောင့်ယှက်တာ​နေမှာပါကွာ...ငါစုံစမ်းပြီးအ​ကြောင်းပြန်မယ်ဟုတ်ပြီလား...မင်းတို့မလာနဲ့ဦး"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now