[26]' Whispers in the forest '

Start from the beginning
                                    

ဘယ်စည်း ဘယ်မျဉ်း ဘယ်ဝင်ရိုးစွန်းကမှ နှလုံးသားကို တားစီးလို့မရတော့ပေ ။

မလွန်ဆန်တော့ပဲ ရှိရှိသမျှပုံပေးပြီး သူ့အနားမှာနေခွင့်ရရင်ပဲ လုံလောက်ပြီ ။ ဒီကြားထဲ သူသနားရင် စွန့်ကျဲလာမယ့် အကြင်နာတချို့ကို စုဘူးလေးထဲ ကောက်စုသိမ်းထားမပေါ့ ။

ရူးမိုက်တဲ့ မျက်ဝန်းအညိုပိုင်ရှင်လေးအား Lila ကြည့်နေရင်း တီးတိုး‌မြည်တမ်းလိုက်လေသည် ။

Lila : " ဒီလို ‌အခြေအနေအထိရောက်သွားပြီပေါ့ ... "

Afa ကြားသည် ။
မောဟိုက်သံနှော‌သော ရယ်သံသဲ့သဲ့ဖြင့်သာ တုံ့ပြန်လိုက်၏ ။

" ဟင်း "

တစ်ယောက်သောသူအကြောင်း ရင်နာတိုင်း ဝေဝါးလာတတ်သော အမြင်အာရုံကြောင့် မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည် ။
________________________________

‌နှင်း‌တောကိုဖြတ်ကာ အတန်ကြာသည်အထိ ရထားလုံးကိုစီးခဲ့ရပြီးသောအခါ အပြင်ဖက်မှဆူညံ့သည့်အသံများကို စတင်ကြားလာရသည် ။အော်ဟစ်အားပေးသံများ ၊ မြင်းဟီသံများ ၊ ဗုံသံများ ... ။

တော်ဝင်အမဲလိုက်ပြိုင်ပွဲ၏ တာထွက်ဆုံရပ်သို့ Afa တို့ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည် ။

ခဏကြာ‌တော့ ရထားလုံးမှာ ရပ်သွားကာ အပြင်မှ တံခါးလာဖွင့်ပေး၏ ။ Afa မှာ မကြာသေးခင်ကမှ မလိုလား‌သော အာရုံစိုက်မှုများ၏ ပြစ်မှတ်ဖြစ်ခဲ့ရပုံကို သတိရကာ အပြင်ထွက်ဖို့ တွန့်ဆုတ်မိသည် ။

Lila : " ဆင်းရအောင် "

Lila က Afa အား နားလည်လွန်းသူဖြစ်ရကား လက်တစ်ဖက်ကို လာဆွဲရင်းဆိုသည် ။ Afa သည် သူမကြောင့် အမြဲအားရှိရသည် ။

Afa လဲ စိတ်ကိုပြင်ဆင်ပြီး ဆင်းခဲ့လိုက်သည် ။

အပြင်ကိုရောက်တော့ ကွင်းပြင်ကြီးတွင် လူအုပ်ကြီးစုဝေးနေပြီဖြစ်သည် ။ ပရိတ်သတ်ထုမှာ မိမိတို့အားပေးရာ အိမ်တော်များ၏အလံစိုက်ထားသော မြေကွက်၌ ရပ်နေကြကာ ၊ အမဲလိုက်အဖွဲ့အသီးသီးကို အော်ဟစ်အားပေးနေ၏ ။ ထိုအိမ်တော်များ၊ မျိုးနွယ်စုများအား ကိုယ်စားပြုသော သူရဲကောင်းတို့မှာ ကောင်းပေ့ဆိုတဲ့ မြင်းကြီးများကိုစီးနင်းကာ လေးနှင့်မြှားဘူးကို အသီးသီးလွယ်ထားကြသည် ။ လက်နှက်များကိုမူ ယူဆောင်ခွင့်မရှိ ။

Days of Counting Camellia (Hiatus)Where stories live. Discover now