[26]' Whispers in the forest '

Mulai dari awal
                                    

လက်တွေ့မှာ ထိုသို့မဟုတ်နေ ... ။ သို့သော် သူမရဲ့ စိုးရိမ်မှုကို Afa နားလည်သည်မို့ ...  

" အရှင်က ... ဒီအတိုင်း ဘာသဘောမှမပါပဲ ... ဒီအတိုင်းပဲ "

Afa လဲ Lila ရဲ့လက်ကို လှမ်းဆုပ်လိုက်ပြီး ‌ရှင်းပြရန် ကြိုးစား၏ ။

သူငယ်ချင်းလေး တစ်ယောက်တည်းရှိတာ  ဤအရေးကိစ္စကြောင့် စိတ်ကွက်သွားတာမျိုးမဖြစ်စေလို ။ တကယ်လဲအရေးမပါတဲ့ ကိစ္စပဲလေ ။

Afa ကိုယ့်ကိုယ်ကို သိပါတယ် ... ။
ကျွန်ငယ်ရဲ့ ရင်ထဲက စိတ်ကူးယဉ်ဇာတ်လမ်းလေးဟာ အရှင်သခင်ရဲ့ အငြိုးအတေးတွေလောက် သက်တမ်းမရှည်နိုင်ဘူးဆိုတာ ... ။ သူ လက်လွတ်စပယ် ဆုပ်ဖမ်း နမ်းရှိုက်ပြီး ‌လွှတ်ချလိုက်တဲ့ ပန်းပွင့်ကြွေလေးလိုပဲ Afa အဆုံးသတ်သွားမှာ ။

Lila : " နင့်ဖက်ကရော ဘာသဘောမှ မပါဘူးလား ? "

Afa မဖြေတတ်တော့ ... ။

Afa ဟာ သူ့‌နောက်ကျော‌ကိုပဲ ရဲရဲကြည့်ဝင့်တဲ့ မျက်လုံးတွေနဲ့ သူ့မျက်နှာလှလှကို ခိုးကြောင်ခိုးဝှက်ငေးခဲ့မိသည် ။ သူ အနားခေါ်မှ နီးခွင့်ရတဲ့ခြေလှမ်းတွေနဲ့ သူ့ကိုမြင်တိုင်း အနားကို အပြေးသွားချင်ခဲ့မိသည် ။

ဒါတွေအားလုံးကို ကိုယ်စားပြုဖို့ အခေါ်အဝေါ်‌လေးတစ်ခု ရှိပါတယ် ။ ဒါပေမယ့် Afa. နှုတ်ခမ်းကနေ အသံထွက်ဖို့ အခွင့်မရှိဘူးလေ ။

သည်လို အနတ္တသမားအတွက် နှလုံးသားဟာ တန်ဖိုးမရှိပေမယ့် သူဆိုတဲ့ ဧကရာဇ်တစ်ပါးအပေါ်တော့ မဆင်မချင် မရည်ရွယ်အပ်ဘူး ။ သေးသိမ်နိမ့်ပါးတဲ့ တည်ရှိမှုတစ်ခုအနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လိုချင်တောင့်တမှုတွေကို နာမည်မတပ်ဘူး ။ 

Afa နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်ပြီး Lila ရဲ့လက်နှစ်ဖက်ကို လွှတ်ပေးလိုက်သည် ။ သူမထံမှ ပင့်သက်တိုးတိုးကို ကြားရ၏ ။ ဘာမှဆက်မမေးလာတော့ ... ။

Afa ရင်ထဲစို့နေသော ခံစားချက်တွေကို မြိုချလိုက်သည် ။

သူ ပေးတာပဲ ယူ ၊ သူ စေသလိုပဲ နေခဲ့ရင်ကောင်းသား ... ။ အခုတော့ တစ်သက်လုံး ငတ်မွတ်ဆာလောင်နေရတော့မယ့် နတ်သုဒ္ဓာကို အရသာခံမိပြီး၊ တစ်သက်လုံး ‌တောင့်တနေရမယ့် ရနံ့လေးကို ရှူရှိုက်လိုက်မိပြီ ။

Days of Counting Camellia (Hiatus)Tempat cerita menjadi hidup. Temukan sekarang