အပိုင်း - လေး

Start from the beginning
                                    

မတွေ့ရင်တော့လား အမလေး ပြဲလန်နေအောင်
ငိုတော့တာပဲ ။

တစ်ခါကဆို မနည်းကို ချော့လိုက်ရတာဆိုတာ
ဘေးနားက အခန်းတွေလူတွေပါ ထွက်လာပြီး
ဝိုင်းချော့ကြလို့ ချော့နဲ့ ။

တကယ် နီတာရဲလေးကို မျက်နှာမြင်ရင်
ချစ်ခင်ကြသည့် လူတိုင်းပင် ။

နီတာရဲလေး စရောက်တုန်းကဆို
အကုန်လုံးက ဆက်ဥသြကို
ထူးဆန်းသောအကြည့်တွေဖြင့် ကြည့်လိုက်တာ
ဆိုတာ ။

နီတာရဲလေး ငိုလွန်းရင် အခန်းပြင်ထွက်လို့
ဟိုလျှောက် ဒီလျှောက် လုပ်ပေးလိုက်သည် ။

တစ်ပါးသူတွေတွက် စိတ်အနှောင့်အယှက်
ဖြစ်သွားမှာတော့ အသေအချာပေါ့ ။

ဆက်ဥသြဆိုသည့် လူသားကလည်း
ဒုက္ခဆို တစ်ယောက်ထဲ ခံစားရတာထက်
စာရင် အဖော်အပေါင်းနဲ့ ခံစားရတော့
ကောင်းတာလို့ မှတ်ယူထားသူလေ ။

အဲ.... အတွေးလွန်နေတာနဲ့ မျက်ရည်တွေ
ကျကာ တအင့်အင့်နဲ့ ငိုနေသော
နီတာရဲလေးကို ခဏ မေ့သွားသည့်
အဖြစ် ။

" အမလေး နီတာရဲလေးရယ် ငိုနေတာလား
ဟုတ်လား မခေါ်လို့ ငိုနေတာလား
ခေါ်မှာပေါ့ဗျာ "

အခုလိုငိုနေရင် နီတာရဲလေးကို
ချော့လို့ရတာ တစ်နည်းပဲ ရှိသည် ။

အဲ့ဒါကတော့ နီတာရဲလေးကို ဆက်ဥသြ
ပွေ့ချီလိုက်တာပင် ။
အဲ့ချော့နည်းက တကယ်ကို အသုံးဝင်
တာဗျို့..... ။

" ညနေကျရင် အပြင်ကို လည်လည်သွား
ကြမယ်နော် နို့နို့တွေကုန်သွားပြီ
ခွေးတွေစားသွားလို့ သစ်သစ်တွေများကြီး
သွားဝယ်ကြမယ်နော် "

ခစ်.... ခစ်....

ဆက်ဥသြ ပြောတာကို သဘောတွေကျနေသော
နိတာရဲလေး ။
သူလေး နားလည်တာလည်း မဟုတ်ပဲနဲ့
ဒီသေးသေးလေးကလေ သိပ်လည်တာ ။

ကျောင်းတက်ရက်တွေလည်း ပုဆိုးနှင့်
လည်ကတုံးကို ဝတ်သလို အိမ်မှာနေသည့်
အချိန်တွေမှာလည်း ပုဆိုးနှင့် လည်ကတုံး
ကိုပဲ ဝတ်ဆင်ဖြစ်သည် ။

အခုလည်း လည်ကတုံး လက်တို အညိုကိုမှ
ယောပုဆိုးအနက်ဖြင့် တွဲဝတ်လိုက်သည် ။
အဟမ်း...... ဆက်ဥသြ မတအားတွေ
ချောသွားပြီလေ ။

' ဆက် ' ... ချစ်နေမယ်Where stories live. Discover now