"မယ်တော်လည်းနားတော့မယ် သားတော်လည်း ကျန်းမာရေးထိခိုက်မယ်"

သူ့ပုခုံးကို ပွတ်သတ်ကာ အနားယူဖို့ တဖွဖွပြောနေသော မယ်တော့်ခါးကို သူဖက်တွယ်လိုက်သည်။

"ငယ်ငယ်ကလို ချော့သိပ်ပါဦး မယ်တော်"

မယ်တော်က သူ့ကိုပြန်လည်ဖက်တွယ်လာသည်။

"ဟုတ်ပါရဲ့ လာ , လာ"

သူ၏ကုတင်ရှိရာ ခေါ်ဆောင်ကာ သူ့ကိုအိပ်ပျော်စေရန် ခြုံစောင်ကိုလွှား၍ ရင်ငွေ့နွေးနွေးမှာ ချော့သိပ်လျက်။သူအိပ်ပျော်လုဆဲဆဲ နဖူးပေါ်သို့ကျရောက်လာသောအနမ်းတပွင့် စိတ်ထဲမှာတော့ ကောင်းသောညပါ နှုတ်ဆက်ချင်သော်လည်း မျက်လုံးများက သစ္စာရှိစွာပင်ဖွင့်မရ။

ထိုညက ခေါင်းမာမာဖြင့် မအိပ်စက်ခဲ့လျှင် ဘန်ဂျမင်အတွက် နောင်တ တရားများရရှိလိမ့်မည်မဟုတ်။

...........................................

ညသန်ခေါင်ယံအချိန်မို့ နန်းတော်တခုလုံး တိတ်ဆိတ်လွန်းနေသည်။

လေပြေအေးအေးတိုက်ခတ်နေတာမို့ အအေးကြောက်သော မင်းသမီး ရီယာ  ပြတင်းတံခါးကို ပိတ်ဖို့ပြင်လိုက်သည်။ထိုစဉ် ပြတင်းတံခါးမှနန်းဆောင်အောက်ဘက်သို့ ငုံကြည့်ရာ အမှတ်မထင်တွေ့ရသော အနက်ရောင်ဝတ်စုံများဖြင့် လူလေးရောက်ထက်မနည်း ဘုရင်မ၏နန်းဆောင်ဘက်သို့ဦးတည်‌ေနကြဟန်။မိမိစိတ်ထင်သည်ပင်လား ဘုရင်မအန်နာ အတွက်စိုးရိမ်မိလေသည်။အပေါ်ဝတ်ရုံကိုခြုံကာ မိမိအခန်းမှ ဘုရင်မ၏နန်းဆောင်ဘက်သို့ အစောင့်အနည်းငယ်ကိုခေါ်ထွက်လာခဲ့လိုက်သည်။

......................................

အခန်းတံခါးပွင့်သံကြားသည်နှင့်တစ်ပြိုင်နက် သတိမြဲသည့် အန်နာက ခေါင်းအုံးအောက်မှဓါးကို အသင့်ဆုပ်ကိုင်ထားပြီးသားဖစ်လေ၏။အခန်းအတွင်းမှ ဝတ်ရုံနက်များဖြင့်လူ၆ယောက် ၊တစ်ယောက်က အန်နာကို တိုက်ခိုက်လာကာ ဘုရင်မတစ်ပါးဖြစ်သည့် အန်နာက တိုက်ရေးခိုက်ရေးကျွမ်းကျင်စွာ ပြန်ခုခံသည်။ သတိမထားမိချိန် အလစ်တိုက်ခံရခြင်းဖြစ်ပြီး သေချာကြံစည်ထားခြင်းလား
အန်နာ၏အစောင့်များပင် အသတ်ခံထားရသည်။ အားနွဲ့သောမိန်းမသားပေမို့ ထိူထဲမှတစ်ယောက်၏ ဓါးက အန်နာ၏ လည်ပင်းကိုတစ်ချက် ၊ကျောဖက်ကို တစ်ချက် ခုတ်ခံလိုက်ရသည်။ကြမ်းပြင်ပေါ်လဲကျသွားသော အန်နာ၏နောက်ဆုံးမြင်ကွင်း က အပြန်အလန်တိုက်ခိုက်နေသောလူတစ်စု ၊ဘန်ဂျမင် နှင့်ဂေါ်ဒန်မင်းသမီး ။

My Heart In Parallel UniverseTahanan ng mga kuwento. Tumuklas ngayon