လှပသောအဆုံးသတ် ( Final )

175 17 34
                                    

<< Unicode >>

အချစ် နဲ့ အရှုပ်ထုတ်

အဖြူရောင် ခန်းမ အလယ် ၀တ်စုံအဖြူရောင်လေး ၀တ်ထားတဲ့လူသားတစ်ဦး က စင်မြင့်ထက်မက်တပ်ရပ်နေသည် အသုံးအဆောင်တွေက အစ အားလုံးဟာ အဖြူရောင်တွေကို သာ သုံးထားခြင်းဖြစ်သည်
ခန်းမ အတွင်းး ရောက်လာ သူများဟာလည်း အပြုံးပန်းတို့ ဆင်မြန်းထားကြသည်

မဂ်လာအချိန် ကျရောက်လာပြီဖြစ်တဲ့အတွက် ယွန်းယောင်းဟာ ရင်တွေခုန်နေတော့သည် ယွန်းယောင်းသာမက ကုန်းကျွင့်က ပါ ရင်တုန်နေရသည် အကြောင်းကား အဖေမရှိတော့သော ယွန်းယောင်းကို သူက ဖခင်နေရာကနေ၍ တစ်ဖက် သတို့သားလက်ထဲကို ထည့်ပေးရမည်လေ
အမှန်ဆို ဒီနေရာက ကျယ်ဟန့်နေရာဖြစ်ပေမယ့်လို့ သူ့အား ဘာကြောင့် အကူညီတောင်းလည်းဆိုတာနားမလည်နိုင်ပေ ဒါမဲ့ ကုန်းကျွင့်က စိတ်ရင်းနှင့်ကူညီခဲ့တာဖြစ်သည်
အခုချိန်မှာ သူ့အတွက် မိဘတစ်ယောက်ရဲ့ခံစားမှုမျိုးပေးစွမ်းသည် ယွန်းယောင်းကိုနှမြောတောင့်တ စိတ်အနည်းငယ်ဆိုးမိုးနေပြီး တစ်နည်းအားဖြင့်လည်း ဒီကလေးကို စိတ်ချသွားသလို ခံစားရပြန်သည်

" အိုက်ယား ကုန်းကျွင့်ရေ ကျွန်တော်တော့ ရင်ခုန်လွန်းလို့ဒူးတွေတောင် မခိုင်ချင်တော့ဘူး "

"ငါလည်း ရင်တုန်နေတယ် ဒီလိုမျိုး အချိန်ရောက်လာမယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး ငါ့ဘ၀မှာ ဒီလိုနေရာမျိုး လုပ်ဆောင်ရမယ်လို့လည်း ထင်မထားဘူး "

ကုန်းကျွင့်ပြောတော့ ယွန်းယောင်းက ကုန်းကျွင့်အား ပွေ့ဖက်သည် ကုန်းကျွင့်က ကြောင်အနေပြီးမှ ယွန်းယောင်းအား ပြန်လည် ထွေးပွေ့သည်

"ကျေးဇူးတင်ပါတယ် အဟင့် ကျွန်တော့်ဘ၀ရဲ့ လိုအပ်ချက်ကိုဖြည့်စည်းပေးလို့ "

ပြောရင်း ငိုသံပေါက်လာတဲ့ ယွန်းယောင်း ကို ကုန်းကျွင့်က ဖက်ထားရင်းး ခေါင်းလေးကိုလည်း ပုတ်ပေးကာ နှစ်သိမ့်သည်

"အရူးလေး မငိုနဲ့တော့ တော်ကြာ မင်းကိုကိုက သူသတို့သားလောင်းလေးကို ငိုအောင်လုပ်တယ်ဆိုပြီး ငါ့ကို ဆူနေအုံးမယ် "

You've reached the end of published parts.

⏰ Last updated: Oct 09, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်နဲ့အရှုပ်ထုပ်(Completed )Where stories live. Discover now