အလှည့်ကျမနွဲ့စတမ်း

162 29 2
                                    

<< Unicode >>

အချစ် နဲ့ အရှုပ်ထုပ်

ယွန်းယောင်းတစ်ယောက် ဟိုကြည့် ဒီကြည့်နှင့် လမ်းလျှောက်နေသည်

"အိုးဟိုးး ဆိုးလ် က ဒီလောက်တောင် လှတယ်ပေါ့ ဒါမဲ့ ငါတို့ ဘူဆန်က ပိုမျက်စိရှင်းတယ် "

ယွန်းယောင်းက ကျောင်းသို့သွားနေခြင်းဖြစ်သည် ကျောပိုးအိတ်သေးသေးလေးကို လွယ်ထားပြီး လှုပ်ရမ်းကာ လမ်းလျှောက်နေလေရဲ့ ​ခြေလှမ်းကို ပုံမှန်လျှောက်သွားလိုက် ဘယ်ဘက်ခြေလှမ်းကိုပဲ ဆက်တိုက်လျှောက်ပြီး ဘေးတိုက် သွားလိုက် ညာဘက်ခြေလှမ်းကို ပဲဆက်တိုက်
လျှောက်ပြီး ဘေးတိုက်သွားလိုက်လုပ်နေသည် ကျောပိုးအိတ်မှာ တပ်ထားတဲ့ သော့ချိတ်တွေဟာလည်း အချင်းချင်းတိုက်မိပြီး အသံပေါင်းစုံထွက်နေလေရဲ့

' ၀ုတ် ၀ုတ် '

အိမ်တစ်အိမ်ရှေ့ရောက်သော အခါတွင် ခြံထဲမှ ခွေးလေးက သူ့အား မျက်စိနောက်သဖြင့် ထ ဟောင်တော့သည်

" အောင်မာ ခွေးစုတ် ငါ့ကိုများ ဟောင်ရဲသေးတယ်ပေါ့ ယွန်းယောင်းယောင်းအကြောင်း ကောင်းကောင်းသိစေရမယ် "

ထို့နောက် လွယ်အိတ်ထဲထည့်ထားတဲ့ လေးခွနဲ့လောက်စလုံးအား ထုတ်ကာ ခွေးလေး၏ ဗိုက်သို့ ချိန်ပစ်သည်

' ဂိမ်~~ ဂိမ် '

"ဟာဟ.. ယွန်းယောင်းယောင်းကို ဘာမှတ် "

ထိုအခါ အိမ်ထဲမှ ခွေးပိုင်ရှင်ဖြစ်ပုံ ရသူကထွက်လာသောအခါ တွင်တော့ ယွန်းယောင်းဟာ ခြေသုတ်သင် ပြေးတော့သည်

ဒါကို အစအဆုံး ကားထဲမှ မြင်နေရသော ဟန်ဘင်းသည် မျက်နှာထက် အပြုံးလေး ပေါ်လာတော့သည် မီးပွိုင့်မိနေတာကြောင့် ဟန်ဘင်းက ကားကိုရပ်ကာ ဘေးဘီ ကြည့်မိတော့ ဘက်မှန်ထဲကနေ ကောင်လေးတစ်ယောက်ကိုတွေ့၍ လိုက်ကြည့်နေမိခြင်းဖြစ်သည် ထို့နောက် ကားကို တစ်ဘီးချင်းလိမ့်ကာ ထိုကောင်လေးနောက် လိုက်နေမိတော့သည်

ယွန်းယောင်းကနောက်ကိုလှည့်ကြည့်လိုက် တော့ ကားတစ်စီးက ဖြေးဖြေးလေးမောင်းကာ သူ့နောက်လိုက်လာပုံရသည်

အချစ်နဲ့အရှုပ်ထုပ်(Completed )Tahanan ng mga kuwento. Tumuklas ngayon