မွေးနေ့ (သို့ ) အချစ်နေ့

128 23 2
                                    

<< Unicode >>

အချစ်နဲ့ အရှုပ်ထုပ်

"Happy Birthday ကျယ်ဟန့် ကော "

ကျယ်ဟန့်က ဟန်ဘင်းပေးတဲ့လက်ဆောင်လေးယူကာ

"ကျေးဇူးပါ ဟန်ဘင်းး လာလေ အိမ်ထဲ၀င် "

"မောင်ရေ ဟန်ဘင်းရောက်နေပြီနော် "

"အင်းအင်း မောင်လာခဲ့မယ် "

ခဏအကြာ ကုန်းကျွင့်က အပေါ်ထပ်ကနေဆင်းလာကာ

"Sorryပါကွာ ငါရေချိုးနေလို့ ချက်ချင်းဆင်းမလာနိုင်တာ "

"ရပါတယ် "

၀ုန်းးးး!!!!

ကုန်းကျွင့်တို့သုံးယောက်သား စကားကောင်းနေတုန်း မီးဖိုချောင်ကနေ အသံကြားတာကြောင့် သွားကြည့်ကြသည်

ထိုအခါ စားပွဲခုံနဲ့ ထိုင်ခုံကြားမှာ မျက်နှာမှာရော အင်္ကျီတွေမှာပါ ခရင်မ်တွေ ပေလူးနေပြီး လဲကျနေတဲ့ ယွန်းယောင်း ကိတ်မုန့်လေးဟာလေး ပုံပျက်ပန်းပျက် ဖြစ်လို့နေသည်

" ယွန်းယောင်းယောင်းး!!! "

ကုန်းကျွင့်အော်တော့ ယွန်းယောင်းက သွားအဖြဲသားနှင့်ရယ်ပြသည်

"ဘယ်လိုဖြစ်တာလည်းငယ်လေးရယ် "

ထိုအခါ ယွန်းယောင်းက သက်ပျင်းချပြီး

"မပြောချင်တော့ပါဘူး ဟန့်ဟန့်ရယ် "

"မပြောချင် လို့မရဘူး အခုပြော "

ကုန်းကျွင့်ကပြောတော့ ယွန်းယောင်းဟာလည်း

"ဘယ်လိုဖြစ်နေတာလည်း ပြောမှာပေါ့ ဒီလိုလေ ဟန့်ဟန့်တို့က သူငယ်ချင်းကိုစောင့်နေတာဆို သူလာရင် ကိတ်ခွဲကြမှာဆို "

"အင်းလေ "

"အဲ့တော့ သူလာတာသိတဲ့ယောင်းက အဆင်သင့်ဖြစ်အောင် ဖယောင်းတိုင်လေးတွေစိုက်ပေးနေတာ ဟူးး ဒါမဲ့ လေ အားလုံးပြီးစီးပြီဆိုပြီး ခြေပစ်လက်ပစ်ထိုင်ချလိုက်တာ ဘယ်သူထင်မှာလည်း ထိုင်ခုံက အနောက်ရောက်နေတော့ လေဟာနယ်ကြီးဆီထိုင်ချမိရော ကြောက်အားလန့်အားနဲ့
ဆွဲမိဆွဲရာဆွဲလိုက်တာပေါ့ ဒါမဲ့ ကံဆိုးစွာနဲ့ ယောင်းဆွဲလိုက်တာက ကိတ်မုန့် တင်ထားတဲ့ အခံလေးဖြစ်နေပြီး ပလပ်လန်ကျပါလေရော အဲ့တာနဲ့အခုလိုဖြစ်သွားတာ "

အချစ်နဲ့အရှုပ်ထုပ်(Completed )Where stories live. Discover now