.........................................

မျက်စိနှစ်လုံးပွင့်သည်နှင့် တပြိုင်တည်း တစ်ဖက်ဆိုဖာပေါ်တွင် အိပ်နေသောလူကို ခြေဆုံးခေါင်းဆုံးသေချာကြည့်မိသည်။

ဘန်ဂျမင်လား ? ဆောင်ဟွန်းလား?

"ဘန်ဂျမင် ဟေ့အရူး ထ,.. ထ,....ထတော့ ငါအလုပ်သွားရမယ်"

ဘန်ဂျမင်ဖြစ်ပါစေဟု မရဲတရဲဆုတောင်းနေမိသည်။

"ဘန်ဂျမင် ထ, လို့" ခန္ဓာကိုယ်ကို အားဖြင့်လှုပ်နိုးနေမိတော့

"ဘာလဲ ဂျုံဆောင်းရာ ငါ ဆောင်ဟွန်းပါ အိပ်ချင်ပါသေးတယ်ဆို"

ပြောပြီး ဆောင်ဟွန်းက ဆိုဖာအောက်မှာကျနေသော ကူရှင်ကို လက်လှမ်းကောက်ကာ မျက်နှာပေါ်ဖိပြီး ဆက်အိပ်နေသည်။သို့သော်လည်း သူက ဆောင်ဟွန်းဖြစ်နေ၍ ဝမ်းနည်းရိပ်ပါဝင်နေသော မျက်ဝန်းငယ်ကို ဆောင်ဟွန်းမြင်ဖြစ်အောင်မြင်လိုက်ပါသည်။'သူ ဂျုံဆောင်းစိတ်သက်သာရာရအောင် လိမ်လိုက်ရမှာ'လို့တွေးမိနေခဲ့သည်။

ဂျုံဆောင်း အိမ်ထဲမှပြေးထွက်သွားတော့ ဆောင်ဟွန်းဆိုဖာပေါ်မှာထထိုင် မိသည်။

အိမ်အထဲရော ခြံအပြင်ပါ မျက်လုံးကို အနားမပေးဘဲ ဂျုံဆောင်း ဘန်ဂျမင် နာမည်ကိုခေါ်၍ ရှာနေမိသည်။ ဒီတခါလည်း ဘာမှမပြောဘဲထွက်သွားပြန်ပြီ။ညက ဆောင်ဟွန်းနဲ့ဘန်ဂျမင် ပြောတာတွေ ဂျုံဆောင်းကြားခဲ့ပေမယ့် အတတ်နိုင်ဆုံးတော့ နှုတ်ဆက်ပြီးမှထွက်သွားသင့်သည်မလား။ဂျုံဆောင်း
ဘန်ဂျမင်ကို စိတ်ဆိုးချင်သည် ဒါပေမယ့် သူဘယ်လို ဆိုးရမလဲမသိ အတော်ပင်စိတ်ထိခိုက်ရသည် ။

ခြံပေါက်ဝတွင် ဖြစ်သလိုထိုင်ချကာ ဒူးနှစ်လုံးကြား ခေါင်းငုံ့ထား‌သည့်
ဂျုံဆောင်း‌ခေါင်းလေးကိုဖွဖွ‌
လာပုတ်သော ဆောင်ဟွန်း။‌
ဆောင်ဟွန်းကိုမြင်ရချိန် စိတ်ထဲမှသူ့ခံစားချက်တွေ အနည်းငယ်ပေါက်ထွက်လာသည်ကြောင့် ဆောင်ဟွန်းလက်ကိုသူဆွဲကိုင်လိုက်သည်။

ဆောင်ဟွန်းလက်ကို လာဆွဲသောအကောင်ပေါက်က နှုတ်ခမ်းလေးသိသိသာသာစူလျက် မျက်ဝန်းအိမ်မှာလည်းအရည်ကြည်လေးများကလဲ့နေသည်။

My Heart In Parallel UniverseWhere stories live. Discover now