အပိုင်း - နှစ်

Start from the beginning
                                    

ဆက်ဥသြ နီတာရဲလေးကို ကြည့်နေခိုက်
နီတာရဲလေးကလည်း ဆက်ဥသြကို
ပြန်ကြည့်နေလေသည် ။

အဲ့......

" ဟယ် ကလေးလေးက ရယ်လိုက်တယ်ဟ "

" သေးသေးလေးက ရယ်တယ်ဟ "

ဆက်ဥသြ ပြုံးမိသည် ။
နီတာရဲလေးက အသံထွက်အောင်
ရယ်လိုက်သည်ကို နားနဲ့ ဆက်ဆက်ကြား
လိုက်ရသည်မို့ ။
ရင်ထဲ ကြည်နူးမှု့လှိုင်းလေး ဖြတ်သွားသည် ။

ဖေဖေတုန်းကရော သူ့ကို မွေးတော့
အခုလိုပဲလား...

" ကလေးလေးက သားသားကို သိတယ်
ထင်တယ် ဆုပ်ထားတာ မလွှတ်ဘူးကြည့်စမ်း"

ဖေဖေကြီး ပြောတော့ အားလုံးက
ကြည့်လာပြန်သည် ။

တကယ်ပါပဲ နီတာရဲလေးရေ...
မင်းနဲ့ငါ က သိလည်း မသိပါပဲ
ငါ့ကို ဆုပ်ကိုင်ထားလိုက်တာ
လက်သေးသေးလေးတွေအပြည့်နဲ့
မင်းလေးက ဘာလေးလဲ...

" သားဆက်ကို တွယ်နေတာကြည့်စမ်း
တကယ့်ချစ်စရာ "

" ဟုတ်ပါ့ကွာ သေးသေးလေးက
သားဆက်ကို သိနေသလိုပဲ "

တစ်ယောက် တစ်ပေါက်နဲ့ operation
room ရှေ့ ပြောနေလိုက်ကြတာ ။

ဆက်ဥသြလည်း နီတာရဲလေးကို
ကြည့်မြဲ ကြည့်နေဆဲ ။

" ကလေးအဖေ ကလေးကို သန့်ရှင်းရေး
လုပ်ပြီး ပိုးသတ်ဖို့ ပိုးသတ်ခန်းထဲပို့ရမယ်
ကျွန်မကို ကလေး ပေးပါ "

သူနာပြုဆရာမတစ်ယောက်၏
အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

' ကလေးအဖေ 'တဲ့ ။
ဆက်ဥသြကို တည့်တည့်ကြည့်ပြီး ခေါ်လိုက်
တာဗျ ။
တစ်ဆိတ်... ဆက်ဥသြက လူပျိူလေးပါဗျာ ။
ဘယ်နေရာကများ ကလေးအဖေနဲ့ တူနေတာ
လဲ ပြောပြကြပါအုံး ။

" ကလေးအဖေ ဘာကြောင်ကြည့်နေတာလဲ
ကလေး ကျွန်မကို ပေးပါ​ဆို "

ဟား....ဟား......

ဦးဝင်း ဦးစံ နဲ့ ဦးဖြိုးတို့ သုံးယောက်သား
ထရယ်လိုက်ကြတာ​ဆိုတာ ။
ရယ်စရာ ပါသွားလို့လား ။

" ကဲ ကဲ... ကလေးအဖေရေ ကလေးကို
ပေးလိုက်ပါ "

ဟား.....ဟား...

' ဆက် ' ... ချစ်နေမယ်Where stories live. Discover now