မိသားစုလေး သာယာစေဖို့ အချို့အရာတွေကို သိသော်လည်း မသိသလိုပင် နေခဲ့ကြတာမို့ ယွင်ရှီးတို့မိသားစုလေးဟာ Happy Family လေးလို့ပင် တင်စားပြောလို့ရလောက်သည်။ သားငယ်လေးကလည်း အရွယ်ရောက်လာတာနဲ့အမျှ ပိုသိတတ်လာတာမို့ အခုဆို ဖေးယွီကိုပင် ဖေကြီးဟု ပြောင်းလဲခေါ်နေချေပြီ။ စစခေါ်ချင်းတုံးကဆို ဖေးယွီမှာ အံ့ဩကြီးစွာဖြင့် ပါးစပ်အဟောင်းသားလေး … ပြန်စေ့ဖို့ပင် မေ့နေရှာသည်မို့ ယွင်ရှီးကပင် ဖေးယွီမေးဖျားလေးကိုကိုင်ကာ ပြန်စေ့ပိတ်ပေးရသည်အထိ။ ဒါပေမယ့်လဲ ကလေးဆိုးကြီးပေမို့ ပါးစပ်ကတော့ အကန်စကား ပြောထွက်လိုက်ရမှ ကျေနပ်ရှာသည်။

“ဟိတ်ကောင် ဘာကိုဖေကြီးလဲ လိကိုဖေကြီး”

မျက်လုံးပြူးကာ လက်ညိုးတစ်ထိုးထိုးဖြင့် ပြောလာသည့် ဖေးယွီကို သားငယ်ကလည်း ငြိမ်မခံပေ။ ချက်ချင်းကို ပက်ခနဲ ပြန်ရန်စလေသည်။

“လိကိုတော့ ဖေကြီး မတော်နိုင်ပါဖူး … ပါးပါးယောက်ျားကိုပဲ ဖေကြီးတော်မှာ”

“ဟာ ဒီကောင်လေး ငါပြေးစောင့်ကန်လိုက်ရ”

“ကန်လေ ကန်ပေါ့ သား ပါးပါးနောက်မှာ ပြေးပုန်းမှာပေါ့ သားသားမှာလဲ ခြေထောက်ပါတယ် … ဘလာဘလာ”

ပြောလဲပြောရင်း ဖေးယွီကိုလည်း လျှာထုတ်ပြောင်ပြရင်း ယွင်ရှီးကို ဒိုင်းကာလုပ်တဲ့သားငယ်ကြောင့် ဖေးယွီမှာ ကန်ရန်အသင့် မြှောက်ထားတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ချရမလို ဆက်ပဲ မြှောက်ထားရမလိုတွေ ဖြစ်နေတော့သည်။
.
.
.
သားငယ်ကို ဘော်ဒါဆောင်ပို့ရတော့မည်မို့ လိုအပ်သည်များ မကျန်ခဲ့စေရန် ယွင်ရှီးတို့ စစ်ဆေးစီစဉ်နေစဉ်မှာ သားငယ်က အခန်းထဲပြေးဝင်လာရင်း

“ဖေကြီး”

ခေါ်သံစူးစူးကြောင့် ဖေးယွီမျက်နှာကြီး ပုတ်သိုးသွားကာ ခေါက်ထည့်ပေးနေသည့် အောက်ခံဘောင်းဘီတိုဖြင့် သားငယ်မျက်နှာကို ပစ်ပေါက်လိုက်ရင်း

“သောက်ကလေးလေး မခေါ်နဲ့လို့ ပြောထားတယ်မဟုတ်ဖူးလား”

သားငယ်လေးက မျက်နှာမှာလာချိတ်တဲ့ ဘောင်းဘီကို ဖယ်ခွာချရင်း မချိုမချဉ်မျက်နှာဖြင့် ကြည့်ကာ

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now