Chapter 9

562 49 16
                                        

#Unicode

ဖေးယွီက ယွင်ရှီးပါးပြင်မှာ ခိုတွဲနေတဲ့ မျက်ရည်ဥလေးတွေကို ဖိပွတ်သုတ်ပေးလိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်တယ်။

"ပေါက်စလေးရဲ့ မေမေထင်တယ်"

ဒီမိန်းမကို ကောရဲ့ အမျိုးသမီးဆိုတဲ့ အသုံးအနှုန်းမျိုး ဖေးယွီ မသုံးနိုင်ပေ။ ဒါကြောင့် ပေါက်စရဲ့ မေမေလို့သာ သုံးတာ။ ကော အပေါ် အဲ့လောက်ထိကို စကားအသုံးအနှုန်းလေးကအစ ဖေးယွီ လောဘတက်မိသည်။

"ဟုတ်ကဲ့ ဒီကမောင်လေးက?"

"ကျွန်တော်က ဟိုဖက်ခြံကပါ။ ပေါက်စလေးရဲ့ မေမေကို အခုမှပဲ သေချာတွေ့ဖူးတော့တယ်။ ပေါက်စလေးက မေမေနဲ့တူလို့ အချောလေး ဖြစ်နေတာနေမှာ"

ဖေးယွီမြှောက်ပြောလိုက်တာကြောင့် သူမက ရှက်သွားသလို ပါးနှစ်ဖက်က ရဲတက်လာခဲ့တယ်

/ဟွန့်... ဒီလောက်လေး မြှောက်ပြလိုက်တာနဲ့  အိမ်ထောင်သည်မိန်းမဖြစ်နေပြီး လာရှက်ပြနေတာ။ ကောနဲ့ မတန်မရာပဲ/

"ကျွန်မက ယန်မင်ဟွေ့ပါ။ ဒီကမောင်လေး နာမည်က"

"ကျွန်တော်က ဖေးယွီပါ, ချန်ဖေးယွီ"

"ဖေးယွီ အဟင်း ဟင်း နာမည်လေးက လှတာပဲ"

"ကျဲကျဲလောက်တော့ မလှပါဖူး အဟွန်း ဟွန်း"

ဖေးယွီတို့ မြှောက်ပင့်စကားဆိုနေတုန်းမှာပဲ ပေါက်စအသံသေးသေးလေးက စူးထွက်လာတယ်။

"ပါပါး ပါပါး... ပါပါးနှုတ်ခမ်းက ဘာဖြစ်တာလဲ ဖူးဖူးလေး ဖြစ်နေတယ်"

သားလေးအမေးကြောင့် ရုတ်တရက် ယွင်ရှီး ဘာပြန်ဖြေရမလဲ မသိ ဖြစ်သွားရသည်။ ယန်မင်ဟွေ့ကလည်း စူးစမ်းတဲ့မျက်ဝန်းတို့ဖြင့် ယွင်ရှီးကို လှမ်းကြည့်နေလေပြီ။ ဖေးယွီကတော့ ကော ဖြေလိုက်လေဆိုသည့်ပုံစံမျိုးဖြင့် နှုတ်ခမ်းတစ်ဖက်က ကော့ညွတ်တက်နေကာ မျက်စပစ်ပြလာသည်။

"အာ... အဲ့ဒါက... ပုရွက်ဆိတ် 🐜 ဟုတ်တယ် ပုရွက်ဆိတ်ကိုက်တာ"

"ပါးပါး သနားပါတယ်... ဖွဖွလုပ်ပေးမယ်"

ပုရွက်ဆိတ်ကြီး ချန်ဖေးယွီကတော့ ပြုံးတုံ့တုံ့လုပ်ကာ ယွင်ရှီးကို စိုက်ကြည့်လို့နေသည်။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Onde histórias criam vida. Descubra agora