Chapter 3

661 69 8
                                        

#Unicode

လော်ယွင်ရှီးရဲ့ ခြံတံခါးဝတွင် ချန်ဖေးယွီတစ်ယောက် အထုပ်ကြီး၊ အထုပ်ငယ်များကို လက်နှစ်ဖက်လုံးဖြင့် မနိုင်မနင်းသယ်ကာ မတ်တပ်ရပ်လျက်ရှိသည်။ အနီးကပ်သေချာကြည့်ပါက အထုပ်များဆွဲထားရသည့် လက်မှာ အထုပ်တွေရဲ့ အလေးချိန်ကြောင့် ကြိုးရာများထင်ကာ နီရဲနေချေပြီ။ နားသယ်စပ်နားမှာလဲ ချွေးစက်လေးများက သန္တာကျောက်လုံးလေးများအသွင် ခိုသီနေလေ၏။ ခြံတံခါးဖွင့်ဖွင့်ချင်းတွင်ပင် ချန်ဖေးယွီ၏ ထိုပုံစံကို မြင်လိုက်ရသောကြောင့် လော်ယွင်ရှီးရဲ့ နှုတ်ခမ်းပါးလေးတစ်စုံက ခပ်ဟဟလေးပွင့်အာသွားခဲ့ကာ  မျက်ဝန်းလေးတွေကလည်း သိသာစွာ ဝိုင်းစက်သွားရှာသည်။

ချန်ဖေးယွီ အထုပ်တွေဆွဲကာ သူ့ခြံရှေ့ရောက်လာမည်ကို မထင်ထားသဖြင့် အံဩသွားဟန်တူသည့် လော်ယွင်ရှီးဖြစ်သွားပုံလေးကို မြင်လိုက်သည်နှင့် ဖေးယွီရဲ့ မျက်ဝန်းအစုံက တောက်ပစူးရှသွားတော့သည်။ တဆက်တည်းပင် အတွေးရိုင်းတို့ကို ချက်ချင်းတွေးမိလေတော့သည်။ မျက်စိရှေ့က လူသားလေးရဲ့ ခပ်ဟဟပွင့်ကာနေသော ချယ်ရီပွင့်ချပ်သဏ္ဍာန် ပန်းရောင်ဖျော့ဖျော့ပြေးနေသည့် နှုတ်ခမ်းပါးလေးတွေကို ဖေးယွီရဲ့ ညိုပြေပြေနှုတ်ခမ်းတို့ကြား ဆွဲယူသိမ်းထားရင်း ဖိကပ်နမ်းရှိုက်ချင်စိတ်ကို ချိုးနှိမ်ကာ “ကော” ဟုသာ သံရှည်ဆွဲရင်း ချွဲတဲတဲခေါ်လိုက်မိသည်။

“ကော…..”

လော်ယွင်ရှီးတော့ ဘယ်လိုနေမည်မပြောတတ်ပေ။ အီအီချွဲချွဲဖြစ်နေသည့် ကိုယ့်အသံကိုယ်ပြန်ကြားရသည်မှာ ချန်ဖေးယွီ ကိုယ့်ဘာသာကိုယ် ကြက်သီးထမိတော့မလိုလိုပင်။

/ငါ ဘယ်လိုတောင် အချွဲပိုသွားရတာလဲ … ချန်ဖေးယွီနဲ့ မတူအောင်ပဲ။ ပြန်ထိမ်းစမ်း/

“…..”

ဖေးယွီက လက်ထဲက အထုပ်တွေကို မြောက်ပြလိုက်ကာ

“ကောနဲ့ အတူတူ ဟင်းချက်မလို့ ကျွန်တော်ဈေးသွားဝယ်ခဲ့တာ … ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့လေ … တစ်ယောက်တည်းချက်စားရမှာ အထီးကျန်လို့”

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now