#Unicode
“အနောက်ကိုသွား”
“သွားပါပု … ဦးဦးပဲသွားထိုင် … ကလေးကို ဦးစားပေးရမှာယေ သိဖူးလား”
“မသိဖူး … ကလေးက ကလေးပီပီသသ အနောက်မှာ ထိုင်ရမှာပေါ့”
“ပါပါးဘေးမှာ သားသားထိုင်မှာ ဦးဦးက အနောက်သွား”
“မင်းသွား”
ကားဘေးမှာရပ်ကာ နေရာလုနေတဲ့ အကြီး၊အသေးနှစ်ယောက်ကို ကြည့်ပြီး ယွင်ရှီးမှာ ရယ်ရမလိုလို၊ ငိုရမလိုလိုပင်။ တကယ့်ကို မတည့်အတူနေနှစ်ယောက်။ တစ်ယောက်ကလည်း ယွင်ရှီးကို တအားတိုကာ သူပဲပိုင်ချင် သူပဲကပ်ချင်သည်။ အသေးလေးကလည်း မကြိုက်မှန်းသိလို့ကို တမင်လိုက်စတတ်သည်။
“ပြောမရ ဆိုမရလေး ကဲဟာ … ဂွပ်”
ဖေးယွီက ပြောရင်းဖြင့် သားလေးခေါင်းကို ဂွပ်ခနဲခေါက်ချလိုက်သည်။ သားလေးက အဲ့လိုအခေါက်ခံရလို့ ငိုမည်ထင်လား? ဖေးယွီကို မျက်လုံးပြူးကြည့်ကာ သူ့အရပ်နှင့်မှီသည့် ဖေးယွီပေါင်ကို ကုန်းကိုက်ပါသည်။ နှစ်ယောက်ဆုံတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကိုက်နေ သတ်နေကြမို့ ယွင်ရှီးအတွက် ရိုးနေပြီပင်။ ဒါပေမယ့် ဒီနေ့တော့ ယွင်ရှီးဝင်မပါလို့ မဖြစ်တော့ပေ။ ကြည့်ကောင်းကောင်းနဲ့သာ ဒီကလေးနှစ်ယောက်ကို လွှတ်ပေးထားလိုက်ရင် ခနနေ အပြန်အလှန်သတ်ပွဲဖြစ်ကာ ကျောင်းချိန်နောက်ကျတော့မည်။ ဒီနေ့က သားလေးရဲ့ ပထမဆုံးကျောင်းတက်ရက်မို့ နှစ်ယောက်ကို စိတ်တိုင်းကျလွှတ်ထားပေးလို့ မဖြစ်ပါ။
“ဟိုနှစ်ယောက် အခုတိတ်ကြစမ်း”
အိမ်ပေါက်ဝနားက ခါးထောက်ကြည့်ကာ လေသံမာမာဖြင့် အော်ပေးလိုက်တော့ မျက်နှာငယ်လေးတွေဖြင့် လှည့်ကြည့်လာရှာသည်။ နှုတ်ခမ်းလေးတွေကို မဲ့ကျထားကာ မျက်လုံးလေးတွေကလည်း အရည်လေးလဲ့လို့။ တကယ်ကိုပဲ လိုက်လဲလိုက်ဖက်ပေတဲ့ အကြီးနဲ့အသေးလေး။ ယွင်ရှီးဆူမှာကို ကြောက်ကြတာတော့ နှစ်ယောက်လုံးတူတူပဲ။
.
.
.
ယွင်ရှီးက ကားမောင်းနေသည်။ ယွင်ရှီးဘေးကခုံမှာတော့ ဖေးယွီက စူပုတ်ကာဖြင့် သားလေးကို ပေါင်ပေါ်တင်ထားရသည်။ ယွင်ရှီးဘက်ကို လှည့်မကြည့်၊ ကားပြတင်းဘက်ကိုသာ မျက်နှာမူကာ အပြင်ကို ငေးကြည့်နေသည်။ ယွင်ရှီးကို သူမကျေနပ်ပါဖူးပေါ့။ သားလေးကတော့ ပြုံးစိစိဖြင့် ဖေးယွီကို မော့ကြည့်လိုက် ယွင်ရှီးဘက်လှည့်ကာ သွားလေးဖြဲပြလိုက် လုပ်နေသည်။ ယွင်ရှီးဘေးက ထိုင်ခုံမှာ ထိုင်ရဖို့နေရာလုနေတဲ့နှစ်ယောက်ကို ယွင်ရှီးက မျှမျှတတ ဆုံးဖြတ်ပေးထားခြင်းပေ။ ဖေးယွီကို ဘေးမှာထိုင်ခိုင်းပြီး သားလေးကို သူ့ပေါင်ပေါ်ထိုင်ခိုင်းထားလိုက်သည်။ ဘယ်လောက်တောင် မျှတလိုက်လဲ။ ယွင်ရှီးစိတ်ဆိုးမှာကြောက်ပြီး ပြန်မပြောရဲတာကြောင့် ဖေးယွီမှာ မကျေနပ်စွာဖြင့်ပင် ပေါက်စကို ပေါင်ပေါ်တင်ထားရရှာသည်။ ဘေးက ကလေးအကြီးနဲ့ အသေးလေးကို ကြည့်ကာ မရယ်မိအောင် အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ကားလေးကိုသာ ဂရုတစိုက်မောင်းလိုက်သည်။ ချစ်ရတဲ့ လူသားလေးနှစ်ယောက်ကို သယ်ဆောင်ထားတဲ့ကားလေးမို့ လမ်းခရီးမှာ အန္တရာယ်တစ်စုံတစ်ရာမရှိအောင် ဂရုစိုက်ရမည်မှာ ပဲ့ကိုင်မောင်းနှင်နေသည့် ယွင်ရှီးရဲ့ တာဝန်ပဲ မဟုတ်လား။
YOU ARE READING
I'M NOT SHARING YOU WITH ANYONE ELSE (Completed)
Fanfictionကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ... ကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ ... #feiyunxi fanfic by Avery
