မီးဖိုခန်းထဲဝင်တော့ ထမင်းစားစားပွဲထောင့်နေရာမှာ ထိုင်နေသည့် ယွင်ရှီးရဲ့ ကလေးဆိုးကြီးကို
တွေ့ပါပြီ … ယွင်ရှီးတို့ ဝင်လာတာတွေ့တော့ တစ်ချက်မော့ကြည့်ကာ အကြည့်ပြန်လွှဲပြီး ဂရုမစိုက်သလို နေသည်။

“ဖေးယွီ”
“ဖေကြီး”

ယွင်ရှီးတို့ သားအဖနှစ်ယောက်ဆီက သံပြိုင်ခေါ်သံကြားတော့ ပက်ခနဲပြန်ပြောလေသည်။

“ထွက်သွား … သားအဖနှစ်ယောက်ပဲနေ … ခင်ဗျားနဲ့ မပေါင်းတော့ဖူး … မုန်းလိုက်တော့မယ်”

ကလေးရှေ့မှာ မပြောသင့်တဲ့ စကားတွေမှန်း သိသော်လည်း သူ့ကို ဂရုမစိုက် ဦးစားမပေးရင် စိတ်အားငယ်တတ်တဲ့ ဖေးယွီရဲ့ စိတ်တစ်ဖက်ခြမ်းကို သိနေသူမှု အပြစ်မဆိုရက်ပေ။ သားငယ်လေးဘက်သို့လှည့်ကာ ယွင်ရှီးစကားဆိုလိုက်သည်။

“သားသား … ပါးပါးတို့အတွက် ကော်ဖီဖျော်ပေးမလား”

“ဟုတ်”

သားငယ်က ကော်ဖီကြိုရန် တစ်ဖက်သို့လှည့်သွားတော့မှ ဖေးယွီဘေးနားအမြန်ပြေးကာ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ပင့်မပြီး နှုတ်ခမ်းလေးကို အမြတ်တနိုးနမ်းမွှေးလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့်

“ကော က ကလေးကို အများကြီး ချစ်တယ်နော်”

မျက်လုံးလေးတွေလက်ကာ သကြားလုံးရသွားတဲ့ ကလေးလိုမျိုး ပျော်မြူးနေသည့် ဖေးယွီက ယွင်ရှီးနှုတ်ခမ်းတွေကို အလွတ်မပေးတော့ပဲ ဖမ်းဆုပ်လာတာမို့ ခေါင်းကို ဂွပ်ခနဲမြည်အောင် ခေါက်ချလိုက်ရသည်။ သားငယ် ကော်ဖီဖျော်ပြီးလို့ ပြန်လှည့်လာတဲ့အချိန် ဒီလိုမြင်ကွင်းကို မမြင်စေချင်ပါ။ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ စကားရှိတယ်မလား။

ဖေးယွီကတော့ ယွင်ရှီးနှုတ်ခမ်းကို သံယောဇဉ်မပြတ်သလိုကြည့်ရင်း ပြုံးပြုံးကြီးလုပ်ပြီး ခေါက်ခံထားရတဲ့ ခေါင်းထိပ်ကိုသာ ပွတ်ချေနေတော့သည်။

*******
8.9.2021

#Zawgyi

ကလေးလေးရယ် ကလေးကြီးရယ်ကို ထိန်းကျောင်းရင်း အတူဖြတ်သန်းလာခဲ့ကြသည်မှာ နှစ်အချို့ပင် ကျော်လွန်လာခဲ့လေပြီ။ ယခုဆိုရင် သားငယ်လေးမှာ တက္ကသိုလ်ဝင်တန်းသို့ပင် ရောက်ရှိလာခဲ့ပြီ။ ကလေးသေးသေးလေးကနေ ကိုယ့်မျက်စိရှေ့မှာပဲ တဖြည်းဖြည်း ပြောင်းလဲကြီးထွားလာတဲ့ သားငယ်လေးဟာ အခုဆို ယွင်ရှီးအရပ်လောက်နီးပါးပင်။ နောက်တစ်နှစ် နှစ်နှစ်လောက်ဆို ယွင်ရှီးကပင် သားငယ်လေးကို မော့ကြည့်နေရလောက်ပြီ။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now