“ဖေကြီး”

ခေါ်သံစူးစူးကြောင့် ဖေးယွီမျက်နှာကြီး ပုတ်သိုးသွားကာ ခေါက်ထည့်ပေးနေသည့် အောက်ခံဘောင်းဘီတိုဖြင့် သားငယ်မျက်နှာကို ပစ်ပေါက်လိုက်ရင်း

“သောက်ကလေးလေး မခေါ်နဲ့လို့ ပြောထားတယ်မဟုတ်ဖူးလား”

သားငယ်လေးက မျက်နှာမှာလာချိတ်တဲ့ ဘောင်းဘီကို ဖယ်ခွာချရင်း မချိုမချဉ်မျက်နှာဖြင့် ကြည့်ကာ

“ဖေကြီးက ပါးပါးယောကျ်ားမဟုတ်ဖူးလား … မဟုတ်ဖူးဆို မခေါ်တော့ဖူးလေ”

သားငယ်စကားကြောင့် ဖေးယွီမှာ ကြက်ကြီးအစာနင်သလိုဖြစ်ကာ ယွင်ရှီးလက်မောင်းကို ဆွဲကိုင်လှုပ်ရင်း စစ်ကူတောင်းလာသည်။

“ကော သားကို ကော ပြောထားဦး”

အသည်းယားဖွယ်လုပ်ပြနေသည်မို့ သားငယ်သာမရှိရင် စူထွက်ချင်နေသည့် နှုတ်ခမ်းလေးကို ငုံစုပ်ထွေးပွေ့မိမှာပင်။ အခုတော့ ကလေးရှေ့မှာမို့ အနေအထိုင်ဆင်ခြင်ရဦးမည်။ အထူးသဖြင့် ကလေးက လူပျိုပေါက်ဝင်ချင်ကာစအရွယ်မို့ ထိန်းကျောင်းမှုမှားရင် လမ်းလွဲသွားနိုင်ပေသည်။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းရင်း ချစ်ဖွယ်ကောင်းနေသည့် ကလေးဆိုးကြီးရဲ့ နှဖူးကို မနာအောင်လက်ဖြင့်တောက်လိုက်ပြီး

“သားငယ်ပြောတာ အမှန်ပဲကို … ကလေးက ကောရဲ့ အမျိုးသားလေး မဟုတ်ဖူးလား”

“ဟာဗျာ … ခင်ဗျားတို့ဗျာ … သားအဖနှစ်ယောက်ပေါင်းပြီး … ချီးထုပ်ကျတယ် … မခေါ်တော့ဖူး”

ခေါက်လက်စ ဘောင်းဘီတွေကို ယွင်ရှီးလက်ထဲ ပုံထိုးထည့်ပြီး ကုတင်ပေါ်ကထကာ အပေါက်ဝနားရပ်နေသည့် သားငယ်ကိုတွန်းထုတ်ရင်း ထွက်သွားလေတော့သည်။

“သားသားက ဘော်ဒါမသွားခင် ပါပါးနဲ့ဖေကြီးကို လက်ဆောင်ပေးဖို့ကို”

သားငယ်လေးဘေး လျှောက်သွားလိုက်ရင်း ဆံပင်လုံးလုံးလေးကို ဖွကာ နဖူးလေးကို အနမ်းခြွေလိုက်သည်။

“ဒို့သားအဖနှစ်ယောက် အတူသွားချော့ကြတာပေါ့”
.
.
.
ဖေးယွီကို လိုက်ရှာကြရာ အပေါ်ထပ်မှာ မတွေ့တာကြောင့် သားအဖနှစ်ယောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းမှာလဲ မရှိတာမို့ ရှာရန် မီးဖိုခန်းသာ ကျန်တော့သည်။ အဲ့ဒီမှာသာ မရှိရင်တော့ ခြံထဲပဲ ဆင်းရှာရပေတော့မည်။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Donde viven las historias. Descúbrelo ahora