"အမ ဘန်ဂျမင်ပျောက်နေတယ်ဆို"

"အင်း"

"ကလေးက ငယ်လွန်းပါသေးတယ် နိုင်ငံအရေးကို သူဘယ်လိုလုပ်စိတ်ဝင်စားနိုင်မှာလဲ

ကျတော်တို့ ၁၉နှစ်အရွယ်ကဆို ဆော့လို့ကောင်းတုန်းမလား?

အမ ပြန်စဉ်းစားပါအုံး"

"ငါ့သားဆီမှာ မင်းထင်သလို အတွေးမျိုးမရှိဘူး"

"ကျတော်တို့ သူ့ကိုအပ်လိုက်ရမှာ နိုင်ငံနော် ကစားစရာတွေမဟုတ်ဘူး

သူအပြင်းပြေဆော့ဖို့မဟုတ်ဘူး "

"တော်ပြီ လူဝီ အခုလက်ရှိ မင်းသားကိုအရင်ရှာဖို့ပဲ သူပြန်ရောက်လာလိမ့်မယ်

ညီလာခံမှာ မင်းသားရှိဖို့အဓိက ဒါပဲမလား မင်းသွားတော့."

အမိန့်ဆန်ဆန် အမဖြစ်သူစကားကို စိတ်ထဲမှာမကျေမနပ်ဖြင့်သာလှည့်ပြန်ခဲ့သည်။

ထို့နောက် လူဝီ သူ၏လူယုံအချို့ကိုခေါ်၍ အမိန့်တခုပေးလိုက်သည်။

"အဲ့ဒီ နို့နံ့မစင်တဲ့ကလေးကို ရှာပြီး ငါ့ဆီခေါ်လာခဲ့"

....................................................................

တူးနံ့၊မီးခိုးနံ့များကြိုင်လှိုင်နေသော မီးဖိုခန်းတွင် ဂျုံဆောင်းတစ်ယောက် လက်နှီးစုတ်တဖက်၊ စတီးယောက်ချိုတစ်ဖက်ဖြင့် ဦးနှောက်ခြောက်နေသည်။ပန်းကန်ထဲတွင် မဲသည်းနေသော ကြက်ဥပေါင်မုန့်များကညှိုးငယ်စွာ။အပြင်မှဝယ်စားရန်ပြောသော ဟီဆွန်းက သောက်ရေတစ်ခွက်ကို ကိုင်ကာမီးဖိုးအတွင်း ဂျုံဆောင်းကို ဟားတိုက်၍ဝင်လိုက်ထွက်လိုက် လုပ်နေသည်။

ထမင်းစားပွဲတွင် နှစ်ထည်ဝယ်လျှင် တစ်ထည်လက်ဆောင်ရ၍ ဆောင်ဟွန်းနှင့်ဂျုံဆောင်း အတူတူဝယ်ထားသော Pajamas ကိုဝတ်ပြီးငြိမ်သက်စွာ ထိုင်နေသော ဘန်ဂျမင်က တချိန်လုံးဂျုံဆောင်းကိုသာကြည့်နေခဲ့သည်။

ဂျုံဆောင်း ဘန်ဂျမင်ဖက်သို့လှည့်၍ စတီးယောက်ချိုကြီးဖြင့်ရွယ်ကာ

"မင်း အဲ့လိုကြည့်နေရင် ငါကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး"

My Heart In Parallel UniverseWhere stories live. Discover now