🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!

Start from the beginning
                                    

"ခင်ဗျားဘာသာနေခဲ့...ကျွန်တော်သွား.....အ!!!"

ရုတ်တရက်ကြီးနွေဦးလက်ကိုဆောင့်ဆွဲပြီး အိပ်ယာပေါ်လှဲသိပ်လိုက်တာခံလိုက်ရတယ်။

ချီးပဲ..နာလိုက်တာ!!

ကျစ်!!ဘာတွေလဲ...ဒီတစ်ညအတွင်းမှာ ဒီလိုပုံစံဖြစ်နေတာ ၂ခါရှိနေပြီ။သူ့timezoneတွေထပ် ထပ်များနေလား...သူ့လက်တွေကအိပ်ယာနဲ့ဖိကပ်ချုပ်ခံထားရပြီး သူ့ကိုမိုးပင်လယ်ကအုပ်မိုးကြည့်နေတယ်။

နွေဦးလက်ကိုရုန်းကြည့်လိုက်တယ်...မိုးပင်လယ်ကသူရုန်းလေပိုဖိလေနဲ့ နာတောင်နာလာပြီ။

"နာလာပြီ!!လွှတ်ဦး"

"မလွှတ်ဘူး...လေမှုတ်မှာလား"

ဂျစ်ကန်ကန်မိုးပင်လယ်ကတော့ ခေါင်းမာနေတုန်းပဲ။မေးစေ့ကြီးကိုလှမ်းကိုက်လိုက်ရ!ငါနော်...ပြဿနာတွေရှည်ကုန်မှာစိုးလို့...

"လွှတ်လွှတ် လေမှုတ်မယ်"

မိုးပင်လယ်ကစစ်ပွဲတစ်ရာအောင်တဲ့စစ်သူကြီးရုပ်နဲ့ပြုံးနေပေမဲ့နွေဦးမျက်လုံးထဲမှာတော့ လူယုတ်မာပြုံးကြီးနဲ့တူနေတယ်။

အိပ်ယာပေါ်ကနေကုန်းထနေတဲ့နွေဦးကို မိုးပင်လယ်ကဒူးအောက်ကနေလက်လျိုပြီးပွေ့ချီလိုက်တော့ သူ့ရဲ့အနာဂါတ်သတို့သားလေးကတော့ ပထမရုန်းတယ်...ဒုတိယကျောကုန်းကိုလက်နဲ့အသားကုန်ရိုက်တယ်။သူနာတာကိုသည်းခံပြီး မရရအောင်ပွေ့ချီပြီး Dryerရှိရာမှန်တင်ခုံဆီသွားနေတုန်း သူ့ရဲ့ရင်ဘက်ကြီးကို နွေဦးကသူ့သွားညီညီလေးတွေနဲ့မှမလိုက် အားကုန်ကိုက်ချလိုက်တယ်။

"အ!!နွေဦး!!"

အရမ်းနာတယ်..အရမ်းနာလို့မိုးပင်လယ်မျက်ရည်တွေတောင်စို့လာတယ်။မိန်းကလေးတွေရဲ့ရင်သားလို ပြည့်ပြည့်တင်းတင်းလေးရှိမနေပေမဲ့ သူ့ရဲ့ရင်ဘက်တွေကလဲ ကိုက်ရင်နာတတ်တာပဲလေ။

သူထအော်လိုက်တာတောင်နွေဦးကကိုက်တာကိုလွှတ်မပေးဘူး။မိုးပင်လယ်ကလဲချမပေးဘူး...ဒီလိုနဲ့ပဲကုတင်နဲ့မှန်တင်ခုံနီးနီးလေးကို သူတို့မနည်းရောက်အောင်သွားလိုက်ရတယ်။မှန်တင်ခုံကိုရောက်တော့ နွေဦးကိုချပေးပြီး သူအင်္ကျီကြယ်သီးကိုမြန်မြန်ဖြုတ်ကြည့်လိုက်တော့...

?Daffodils[Complete]Where stories live. Discover now