မျက်ဝန်းတစ်စုံနှင့် သူ အကြည့်ချင်းစုံခိုက် နွေဦးလေကြောင့် လွင့်မျောသွားသော သစ်ရွက်ကြွေလို ၊ဆောင်းလေအေးမှာ ဖူးပွင့်သွားတဲ့နှင်းပန်းကဲ့သို့ ဘန်ဂျမင် နှလုံးသားတစ်စုံက ဖော်ပြချက်မဲ့စွာ။
သို့သော်လူငယ်၏မျက်ဝန်းနက်နက်အကြည့်အောက်မှာ ရှောင်တိမ်း၍ ထိုနေရာကိုလျင်မြန်စွာ ကျောခိုင်းခဲ့သည်။ဖြစ်နိုင်လျှင် နောက်ထက်တွေ့ချင်မိပါသည်။

ထူးခြားနေသည့် ဘန်ဂျမင်၏ဝတ်စုံကြောင့် လူအချို့၏တီးတိုးရွတ်ဆိုနေကြသောစကားသံများကို လျစ်လျုရှု၍ စတင်ရောက်ရှိခဲ့သော ယခုကမ္ဘာ၏ပတ်ဝန်းကျင်ကို လိုက်လံလေ့လာနေခဲ့သည်။

ကောင်းကင်မှနေသည် အနောက်အရပ်သို့ဝင်သွားချိန်မှာတော့ မြင့်မားသည့် အဆောက်အဦးများ၏အကာအရံကြောင့် သူမမြင်တွေ့ခဲ့ရပါ။သို့ပေမယ့် အချိန်ကားညနေ ကိုဖော်ပြနေသည်။Blondeလေးနှင့် တွေ့ရှိချင်လိုစိတ်ကြောင့် လူငယ်လေးရှိရာ အဆောက်အဦးဆီသို့ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ အတန်ကြာထိုင်စောင့်နေခဲ့ပြီးချိန်မှာ မနက်က တွေ့ခဲ့သည့် လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။ Blonde လေးဘေးတွင် ဘန်ဂျမင်နှင့် အလွန်ပင် ဆင်တူသော မနက်ကတွေ့ခဲ့သည့်ကောင်လေး။အချင်းချင်းစနောက်နေရယ်မောနေကြသည်။သူအထူးသတိထားမိတာ Blonde လေး၏အပြစ်ကင်းစင်လွန်းလှသည့်အပြုံး က ဘန်ဂျမင်ကိုပင် ကူးစက်မြန်စေသည်။ထို့နောက် သူနှင့်တူသောကိုယ်ပွားလေးက Blonde လေးကိုကျောခိုင်းထွက်ခွာသွားသည်။

ဘန်ဂျမင် ဖြေးညင်းစွာလျှောက်လျက် Blonde လေးအနားတွင်ရပ်နေမိသည်။ Blondeလေးကသူ့ဘက်လှည့်လာကာ သူ့ကိုလူထူးဆန်းသဖွယ်မြင်တွေ့လိုက်သောကြောင့် လက်နှစ်ဖက်ကို ယှက်လျက်အနေအထား တုန်ယင်သွားသော ခန္ဓာကိုယ်ရှေ့ကွယ်ကာလိပ်ပြာလွင့်မတက်အော်လာတော့သည်။

"အမလေး .........လန့်လိုက်တာ!!"

"..............."

"ရား ဘယ်သူကြီးလဲ ပတ်ဆောင်ဟွန်း မင်းလား?"

"..............."

ဆောင်ဟွန်းအခုတင် သူနဲ့စကားများပြီးပြန်သွားတာ‌သေချာပါသည်။ ထိုလူ၏ဝတ်စားထားပုံက ဆောင်းဟွန်းခဏအတွင်းလှဲလှယ်နိုင်သည့်အနေအထားမဟုတ်။

My Heart In Parallel UniverseWhere stories live. Discover now