ထိုသူ​ပျောက်​ကွယ်​ပြီး​နောက်​တွင်​​တော့ကျန်​ခဲ့သည့်​သူ၏နှုတ်​ခမ်းမှ
အပြုံးတို့သည်​​ရေ​ငွေ့ပျံသကဲ့သို့ပင်​ချက်​ချင်း​ပျောက်​ကွယ်​သွား​လေ
သည်​...

' ဟက်​..နင်​လို​အောက်​တန်းစား​ကောင်​ကများ?? ဒီဘဝမှာ​ရောနင့်​ကိုLucasကဘယ်​​လောက်​ထိရက်​စက်​အုံးမလဲ
စောင့်​ကြည့်​ရမှာ​ပေါ့ _တကယ်​လို့သူကမလုပ်​ဖူးထပ်​ငြင်းရင်​​တောင်
နင်​ကငါ့လက်​ထဲမှာပဲပျက်​စီးရမှာမို့ အဲ့လိုမဖြစ်​ဖြစ်​​အောင်​ငါကဖန်​တီး​နေအုံးမှာ _´

....................................................

အဖြူ​ရောင်​ဝန်းရံထား​သည့်​အခန်းထဲတွင်​​တော့ ကုတင်​တစ်​ခု​ပေါ်တွင်​လဲ​လျောင်း​နေသည့်​သူ..

ထိုသူသည်​မျက်​ဝန်းတို့ကိုပိတ်​ထား​သော်​ငြားသူ၏ခန္ဓာကိုယ်​အတွင်းမှ
အ​ရောင်​အဝါတစ်​ချို့တို့က​တောက်​ပလျက်​..

" သူနိုးလာဖို့နီး​နေပြီလား??_"

ထိုသူသည်​ လဲ​လျောင်း​နေ​သောသူ၏အသက်​​ကျောက်​တိုင်​ကိုကြည့်​၍
တစ်​ဦးတည်းဆို​နေမိသည်​...

" ကမ္ဘာဦးနတ်​ဘုရားကိုအရိုအ​သေပြုပါတယ်​ _"

ထိုသူသည်​​တော့ဦး​ခေါင်းကိုနှိမ့်​ချလျက်​တစ်​ဖက်​လူအားနှုတ်​ဆက်
လေသည်​..

" စစ်​နတ်​ဘုရားနဲ့ပတ်​သက်​ပြီးအ​ကြောင်းအရာ​ရှာ​တွေ့ပြီလား??_"

" ကျွန်​​တော်​​သေချာ​တော့မ​ပြောတတ်​​သေးဘူး? ဒါ​ပေမဲ့ စမ်းသပ်​မှုကတိုးတက်​လာတယ်​ဆိုရမယ်​ စစ်​နတ်​ဘုရားကိုစကုတဲ့အချိန်​က စွမ်းအားအကုန်​လုံးကအပိတ်​ခံထားရတယ်​ ပြီး​တော့သူ့ရဲ့နှလုံးသားကလဲခဲ​နေတယ်​ ဒါ​ကြောင့်​မို့လို့အ​မှောင်​နဲ့ပတ်​သက်​ပြီးတိုက်​ခိုက်​ခံရတာ အ​ကြောင်းအရာကဘာ​ကြောင့်​ဆိုတာမ​သေချာ​ပေမဲ့ တစ်​ခုက​အနက်​​ကောင်​​ရေခဲ​မှော်​နဲ့စစ်​နတ်​ဘုရားကတိုက်​ခိုက်​ခံရတာ
ပါ..စစ်​နတ်​ဘုရားကမူလတည်​ရှိတဲ့နတ်​ဘုရားမို့သာမ​သေဆုံးနိုင်​တဲ့
အတွက်​​ကြောင့်​ နှလုံးကို​ရေခဲ​မှော်​နဲ့ပိတ်​ထားလိုက်​ပြီး ထာဝရနိုးမလာ​အောင်​လုပ်​လိုက်​တာပါ အခုက​ရေခဲအ​မှောင်​စွမ်းအားကိုဖယ်​ထတု​လိုက်​ပြီးပြီမို့ သူ့ရဲ့မူလစွမ်းအားကအ​ခြေတည်​အဆင့်​အဖြစ်​ပြန်​​ရောက်​လာတာ
စစ်​နတ်​ဘုရားရဲ့မူလဖြစတ်​ည်​မှုကိုကအား​ကောင်းလွန်းတဲ့အတွက်
ကြောင့်​သာအခုလိုမြန်​မြန်​​ကောင်းနိုင်​တာပါ _"

Devil System(U+Z)Where stories live. Discover now