Episode 55

1.5K 69 0
                                    

Unicode

ပစ္စည်းတွေသွားဝယ်ပြီး ဖုန်းနံပါတ်တွေယူကာ နောက်ခါ မှာရလွယ်အောင် ချိတ်ဆက်ပြီး တစ်ခါတည်း မိဘတွေနဲ့ မိတ်ဆက်ထားလိုက်တယ် ပြီးတော့ အိမ်ကိုပို့ခိုင်းလိုက်တယ် ဆန် ဆီ ငရုပ် ကြက်သွန် အားလူး အစရှိတာတွေကို ပြီးတော့ အထည်ဆိုင်တွက်လိုအပ်တာတွေကို တော့ ဝယ်ပြီးကားထဲမှာ ထည့်လိုက်ကာ store ဆိုင်အတွက် မုန့်မျိုးစုံကို ပဏာမ အစုံဝယ်ချမ်းပြီး လိုတာတွေကို ကုမ္ပဏီက တိုက်ရိုက်လာပို့ နိုင်ရန် ဆွတ်စိုင်း ဖုန်းစာအုပ်ပေးလိုက်တယ် မိဘတွေကို ပစ္စည်းအားလုံး ဝယ်ချမ်းပြီးတော့ အားလုံးပြန်လိုက်ကြတယ် မပြန်ခင် စားသောက်ဆိုင် တစ်ခုကို ဝင်ကာ နေ့လည်စာ စားလိုက်ကြတယ်

"မောင်ဦးရန် ဖုန်းကို ကြိုက်လား"

"ဟုတ်ကိုကြီး ဆွတ်စိုင်း ကြိုက်တယ် လှတယ်နော်"

"ကြိုက်ရင်ပြီးတာဘဲ"

"ဟုတ် "

"ဘာစားမလဲ အဖေတို့ အမေတို့ အန်တီကော"

"သားအဆင်ပြေတာမှာ "

"ချစ်မှာလိုက် "

"အင်း ညီလေး မှာမယ်"

"ဟုတ်ကဲ့ " waiter ရောက်လာတော့

"ကြက်ကုန်းဘောင် ငါးသံပရာ မှိုကန်စွန်း ကြက်ကြွတ်ကြော် ပင်လယ်စာ တန်ပူရာ သီးစုံကုလားဟင်း ဖျော်ရေ က ပျားသံပရာ နှစ်ခွက် soda လေးပုလင်း ပေးပါ ထမင်း ၆ ပွဲ"

"ဟုတ်ကဲ့" waiter လေး မှတ်ပြီး ထွက်သွားတော့"

"ကိုကြီး ဈန်ထက်မြတ် တန်ပူရာက ဘာလဲဟင်"

"အင်း ပင်လယ်စာ တွေကို မုန့်နှစ်နဲ့ နယ်ကြော်ထားတာ သားရဲ့ မုန့်နှစ်ဆိုတာ တန်ပူရာ အမှုန့်နဲ့လုပ်တဲ့ အနှစ်ကိုပြောတာ လာခါမှ ကြည့်"

"ဟုတ်"

ဟင်းပွဲတွေလာချတော့

"ညီလေး ထမင်း ခြောက်ပွဲ အဖြူပေးဦးလေ "ဈာန်ထက်မြတ်ပြောလိုက်တော့

"ဟုတ်ကဲ့ အကို လာပါပြီ နောက်တစ်ယောက်သယ်လာနေပါပြီ"

"အင်း"

အကုန်ချပြီးတော့ ဈာန်ထက်မြတ်က

"အဖေ ရော့ အမေရော ရော့ " ဆိုကာ ဦးချပြီး ဦးရန်တို့ သားအမိကို အားနာနေမှာ စိုးလို့ ဟင်းခပ်ထည့်ပေးလိုက်တယ် ပြီးမှာ ဆွတ်စိုင်းကို အသီးအရွက်ထက် အသားတွေကို သေချာ ရွေးပြီး ပန်းကန်ထဲထည့်ပေးတယ် တန်ပူရာကိုလဲ အဆင်သင့်စားရအောင် အချဉ်လေးစိမ်ပြီး ဆွတ်စိုင်းပန်းကန်လေးပေါ်တင်ပေးထားတယ် ဆွတ်စိုင်းက တန်ပူရာ ကြိုက်တာကိုး ဆွတ်စိုင်းကတော့ တစ်ပြုံးပြုံးနဲ့

အမုန်းအနန္ဒ (Completed)Where stories live. Discover now