အသံလာရာဘက်သို့ မျက်စံညိုလေး လှုပ်ခတ်ရုံသာ ငဲ့ကြည့်မိသည်။သူ့ရဲ့ကိုယ်ရံတော်က ‌ခါးကိုကိုင်းထားလျက် ဆက်ပြောလာသည်။

"မင်းသား! ကျန်းမာရေးအတွက် စိုးရိမ်သင့်ပါတယ်"

သူစစ်ရေးလေ့ကျင့်သည့်နေရာမှ ပြန်လာကတည်းက ဝတ်စုံကိုပင်မလှဲသေးပဲ လအရောင်ကိုလွမ်းမောစွာ ကြည့်ရှု့နေတာ လလေးကတောင်ရှက်သွားသည်ဆိုမလား တိမ်တိုက်နောက်ကို ပုန်းကွယ်သွားရှာပြီ။

"မင်းသွားတော့ ငါအိပ်တော့မှာမို့"

ခါးကိုကိုင်းညွှန့်ထားလျက် နောက်ပြန်အနေအထားဆုတ်သွားကာ အိပ်ဆောင်အတွင်းမှ ထွက်ခွာသွားသောကိုယ်ရံတော်။

သူ့ခန္ဓာမှ အထည်များတဆင့်ခြင်းဆီချွတ်လှဲကာ ကိုယ်လက်သန့်စင်ပြီးနောက်ဆုံး ပိုးဖဲဆင်စွယ်ရောင် ကုတင်ထက်တွင် လဲလျောင်းအိပ်စက်လိုက်သည်။

သူ့မျက်ခွံနှစ်ဖက် ပိတ်သွားသည်နှင့်
ကမ်းမလော့မြို့တော်၏ညကလည်း တိတ်ဆိတ်စွာ အိပ်စက်ချေပြီ။

............................................................

လပြည့်ညမို့ထင် လရောင်ဖျာကျနေသောအလင်းရောင်ကြောင့် တောအုပ်တခုလုံးမှောင်မိုက်မနေဘဲ ကြီးမားလွန်းသည့် သစ်ပင်ကြီးများအကာအကွယ်မှတပါးကျန်နေရာများက လရောင်ဖွေးဖွေး။

တောအုတ်ကိုဖြတ်၍ မြင်းဖြူတစ်ကောင်ကိုစီးနှင်းကာ အရှိန်ဖြင့် ခရီးသွားနေသော လူတစ်ဦး။ထိုလူက အပေါ်အောက်အဖြူရောင်ဝတ်စုံပေါ်မှာ အနက်ရောင်ကုတ်တစ်ထည်ကို ဝတ်ဆင်လျက်။ပိတုန်းနက်ရောင် ဆံစများက အချိုးကျလှ‌သောမျက်နှာနှင့်တင့်တယ်စွာ ။ထင်းလင်းနေသော မျက်ခုံးနက်ထူထူအောက်က မျက်လုံးများက ဦးတည်ရာကိုရှေးရှုလျက်။

လရောင်အောက်ဘက်မြက်ခင်းစိမ်းညို့ညို့ကွင်းပြင်တနေရာတွင် ကျောက်ဆောင်ကြီးများက မုဒ်ဉီးဆန်ဆန် တံခါးနှစ်ချပ်ကဲ့သို့ကာဆီးထားသည်။Luaအမည်ရှိ သူ၏အချစ်တော်မြင်းပေါ်မှ ဆင်းကာ အင်္ကျီကော်လံအောက်အတွင်း လည်ပင်းတွင်ဝတ်ဆင်ထားသော သလင်းကျောက်ကြည်ကို ထုတ်၍ တံခါးနှစ်ချက်ကဲ့သို့စေ့စပ်ထားသော ကျောက်တုံးနှစ်ခုကြား ထိကပ်ထားလိုက်၏။

My Heart In Parallel UniverseWhere stories live. Discover now