အပိုင်း(၃၂)

Start from the beginning
                                    

"ညာနေတာ ၀မ်ရိပေါ် ငါ့ကိုချစ်တယ်ဆိုတာ ငါ့ကိုခင်တယ်ဆိုပြီးပြောခဲ့သလိုမျိုး ဟန်ဆောင်နေတာမို့လား ငါ့ကိုထပ်ပြီးနာကျင်စေမှာငါကြောက်တယ် ငါ၀မ်ရိပေါ်ကိုမယုံတော့ဘူး"

ရှောင်းကျန့်စကားတွေကြောင့် ရိပေါ်ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာတယ် သူ့ရဲ့လုပ်ရပ်တစ်ခုကြောင့် ရှောင်းကျန့်က သူ့ရဲ့အချစ်တွေကို မယုံကြည်တော့ဘူး ရှောင်းကျန့်က သူ့ကိုမယုံတော့ဘူး ၀မ်ရိပေါ်ခေါင်းကိုခါရမ်းလိုက်ရင်း

"မဟုတ်ဘူး ငါဟန်ဆောင်နေတာမဟုတ်ဘူး ငါညာပြောနေတာလည်းမဟုတ်ဘူး ငါမင်းကိုတကယ်ချစ်တာ ငါရှောင်းကျန့်ကိုတကယ်ချစ်တာ ငါ့အချစ်တွေကိုယုံကြည်ပေးပါ ကျေးဇူးပြုပြီး ငါ့ကိုအခွင့်ရေးတစ်ကြိမ်လောက်ထပ်ပေးပါ ငါတောင်းဆိုပါတယ်ရှောင်းကျန့်ရာ ငါတောင်းပန်ပါတယ်"

​၀မ်ရိပေါ်က ပြောရင်း ရှောင်းကျန့်ရှေ့မှာ ဒူးနှစ်ဖက်လုံးကိုထောက်ပြီးထိုင်ချလိုက်တယ်

"၀မ်ရိပေါ် ပြန်လိုက်ပါတော့"

ရှောင်းကျန့်ကပြောပြီးပြီးချင်း အိမ်တံခါးကိုပိတ်ပစ်လိုက်တယ် ပြီးတော့သူ့အခန်းထဲကိုပြေး၀င်လိုက်ပြီး ကုတင်ဘေးကကြမ်းပြင်ပေါ်မှာထိုင်ချလိုက်ရင်း ကုတင်ပေါ်ခေါင်းတင်လို့နာနာကျင်ကျင်ငိုမိပြန်တယ် သူ ၀မ်ရိပေါ်ကို သိပ်ချစ်ပါတယ် ဒါ့ကြောင့်၀မ်ရိပေါ်ရဲ့ဒီလိုပုံစံမျိုးကိုမြင်ရတာ သူ့ရင်ထဲကအသည်းနှလုံးကို ဆူးတွေထိုးစိုက်နေသလိုမျိုးနာကျင်ရတယ် ဒါပေမယ့်လည်း သူ၀မ်ရိပေါ်နားမှာရှိမနေချင်တော့ဘူး တကယ်တော့ ရှောင်းကျန့်က ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ ၀မ်ရိ​ပေါ်ကြောင့်ရခဲ့တဲ့နာကျင်မှုကို နက်နက်ရှိုင်းရှိုင်းခံစားဖူးတာမို့ ထပ်နာကျင်ရမှာကိုသိပ်ကြောက်နေတာ

အမှောင်ထုကပိုမိုကြီးစိုးလာတယ် တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးပုရစ်အော်သံတွေကတစ်ချက်တစ်ချက်တိုးထွက်လာတယ် ဒီနေ့ကောင်းကင်မှာ လမင်းကြီးရှိမနေဘူး ကြယ်လေးတွေလည်းရှိမနေဘူး ဒါပေမယ့်အခန်းထဲကကုတင်ပေါ်မှာခေါင်းမှောက်ရင်းငိုနေတဲ့ကောင်လေးရှိနေတယ် အိမ်တံခါးရှေ့မှာဒူးထောက်ရင်းမျက်ရည်တွေသွင်သွင်ကျနေတဲ့ကောင်လေးလည်းရှိနေတယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now