Unicode
" Yar!! Park Jimin ငါမင်းကို ဘာပြောထားလဲ Kim Namjoonနဲ့ ဝေးဝေးနေပါလို့ မင်းဘာဖြစ်ချင်နေတာ သူ့မှာရည်းစားရှိတယ်လေ "
မျက်နှာတွေရဲတောက်ပြီးဒေါသတကြီးပြောနေသော KimTaeHyungစကားကို ဘယ်လိုမှမနေပဲ ဂရုတောင်မစိုက်ပဲ လေသံအေးအေးလေးနဲ့ပြန်ဖြေသော Taehyungရဲ့သူငယ်ချင်းဖြစ်တဲ့ အလှလေးJimin။
" အဲ့တော့ဘာဖြစ်လဲ သူ့မှာ ရည်းစားပဲရှိတာလေ အိမ်ထောင်ရှိတာမှမဟုတ်တာ "
" Park Jimin မင်းဘာတွေတွေးနေတာလဲ သူများရည်းစားကြားဝင်မပါပါနဲ့ကွာ မင်းက အဲ့လိုလူမျိုး မဟုတ်မှန်းငါသိတယ် "
" Taehyung ငါဘယ်လိုပဲတွေးတွေးပါ ငါဖြစ်ချင်တာ ငါကြိုက်တာ ငါလုပ်ချင်တာတော့ လုပ်မှာပဲ ငါ့ကိုလာမတားနဲ့ "
" Jimina.. မင်း Namjoonကို ကြိုက်နေတာလား သူ့ဘက်က ပြန်ကြိုက်ကြိုက် မကြိုက်ကြိုက် မဖြစ်ဘူးနော် မင်းအဲ့လိုလုပ်လို့မရဘူး "
" ဘာလဲ မင်းက သူ့ရည်းစားလေး မင်းအချစ်ဦးလေး HoSeokHyung ထိခိုက်မှာစိုးလို့လား တကယ်တမ်း မင်းပျော်ရမှာပါ မင်းအတွက်အခွင့်အရေးရှိလာပီလေ "
" Park Jiminမင်းစိတ်နဲ့ ငါ့ကိုလာမပြောနဲ့ သူများအချစ်ရေးသာယာနေတာ ဝင်မရှုပ်စမ်းပါနဲ့ မင်းလိုချင်တာရဖို့ သူတစ်ပါးကို မျက်ရည်မကျစေပါနဲ့ကွာ မင်းက ငယ်ငယ်ထဲက စိတ်ထားပြည့်ဝမှန်း ငါအသိဆုံးမို့ မင်းရှေ့ဆက်မတိုးဖို့ ငါမျှော်လင့်ပါတယ် "
" အဲ့တာက ငါ့အပိုင်းပါ ငါလည်း မငယ်တော့ဘူး "
" တော်ပီကွာ မင်းကိုဆက်မပြောတော့ဘူး ငါပြန်တော့မယ် "
အခန်းတံခါးကို အားနဲ့ဆောင့်ပိတ်ပြီး ထွက်သွားသော Taehyungကို Jimin ကြည့်နေခဲ့တယ်။
(Jiminprov: Taehyungမင်းငါ့ကို နားမလည်သေးပါဘူး ဘာပဲဖြစ်ဖြစ်ငါက ရှေ့ဆက်တိုးမှာမို့ )
..........................
" Hyung! Namjoon Hyung "
အလှလေးJimin စွဲမက်စရာ နှုတ်ခမ်းဖူးဖူးလေးကနေ ပျားရည်လို ချိုအီနေသော အပြုံးလေးပြုံးပြီးပျစ်ချွဲနေသော အသံချိုချိုလေး ခေါ်လိုက်တာကြောင့် KimNamJoon အနည်းငယ်တောင် တုန်လှုပ်မိတယ်။
YOU ARE READING
🌩Different love concepts🌩(One Shot)
Short Story"လူနှစ်ယောက်ရဲ့အချစ်မှာ အချစ်ကို ကိုယ်တိုင်သတ်မှတ်ထားတဲ့ ယူဆချက်တွေကြောင့် နာကျင်ရမယ်လို့ ဘယ်သူက ထင်မိမှာလဲ😄💔" "လူနှစ်ယောက်ရဲ့အချစ်မှာ အချစ်ကို ကိုယ်တိုင်သတ်မှတ်ထားတဲ့ ယူဆချက်တွေကြောင့် နာကျင်ရမယ်လို့ ဘယ်သူက ထင်မိမှာလဲ😄💔" Different love concepts...
