အပိုင်း (၅) 🔞🔞🔞

5K 97 6
                                    

ကျွန်တော့် ချုပ်ရိုးကလည်း မကျက်သေးတာကြောင့် ဆေးရုံမှာပဲ အချိန် ကုန်ဆုံးခဲ့ရတယ်

လမ်းလည်း လျှောက်လို့မရ ပက်လက်ပဲလှဲနေရတယ်

အရင်ထဲက ကိုကို အလုပ်သွားရင် တစ်ယောက်တည်းနေရတာ အကျင့်ရနေပြီဆိုပေမဲ့ အခုဟာက ဘာမှ လှုပ်လှုပ်ရှား မလုပ်ရတာမို့ ပျင်းရိပြီး ထိုင်းမှိုင်းနေတယ်

အဲ့ အချိန်

" လျှံ " ဆိုတဲ့ စကားသံကြောင့် ကိုကို ထင်ပြီး ဝမ်းသာစွာကြည့်လိုက်တော့ ကိုညီဇော် ဖြစ်နေတယ်

ကိုကိုက သူ့ကို အမြင်ကြည်ပါ ဘာလို့ဆိုတဲ့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံကို  ကိုကို ကတော့ မပြောပြပါ

" အော် , ကိုညီ ဝင်လေ "

" သက်သာရဲ့လား "

" သက်သာပါတယ် ခင်ဗျ "

" ဆရာက ဘေးနားမှာ ရှိပေးရမှာ မဟုတ်ဘူးလား "

" ကိုညီလည်း သိသားနဲ့ကို ခင်ဗျာ ကိုကိုက အလုပ် တွေ ပိနေတာကို "

" ဘာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူ ဒုက်ခ ရောက်နေချိန် အနားမှာ ရှိပေ‌သင့်တယ် မှတ်လား , ရုံးမှာများ တစ်ခြားကောင်မလေးတွေ နဲ့ ခြေရှုပ်နေလို့လား " အဲ့လူစကားတွေကြောင့် ကျွန်တော်တွေဝေသွားခဲ့တယ် ဒါပေမဲ့ ကိုကိုက အဲ့လိုလူ မဟုတ်ဘူးဆိုတာ အကြွင်းမဲ့ ယုံကြည်တယ်

" ကိုကို တကယ် အလုပ်ရှုပ်နေလို့ ပါ "

" အရမ်း မယုံနဲ့ အုံး ဒုက်ခ ရောက်မယ်နော် "

" ဒီမှာ ခင်ဗျားက အားး " အဲ့လူကို ပြောချင်စောလောပြီး ချက်ချင်းထမိလိုက်တာကြောင့် ကျွန်တော့် ဒဏ်ရာက နာကျင်လာခဲ့တယ်

" ငယ် မင်းအဆင်ပြေရဲ့လား "

" ပြေပါတယ် ခင်ဗျား လက်သာဖယ် နောက်တစ်ခါ ငယ်လို့ ခေါ်စရာ မလိုဘူး " လို့ ပြောနေချိန်

" လျှံ , ကလေးလေး ဘာဖြစ်လို့လဲ " ဆိုတဲ့ အသံနဲ့ အတူ ကိုကို ရောက်လာခဲ့တယ်

" လျှံ မေ့ပြီး ထလိုက်တာ ဒဏ်ရာနာသွားလို့ ကိုကို "

" အယ် ဒီကလေးကတော့ ပေါ့တီးပေါ့ပျက်နဲ့ , ဒါနဲ့ ညီဇော်က ဘာလာလုပ်တာလဲ "

အမိန့်တော် (Completed)Where stories live. Discover now