"အင်းသား အန်တီမှတ်ထားပါ့မယ်"

"ဟုတ်ကဲ့ ဒါပါဘဲ မနက်ဖန် ပစ္စည်းတွေ ဝယ်မှာ အန်တီတို့ ပါလိုက်ခဲ့ ကူဝယ်ပါ သားဦးရန်ကော"

"ဟုတ်ကိုကြီး မေမေ ကိုကြီးက အရမ်းချောတယ်နော် ကိုရီးယား မင်းသားလေးတောင်ထင်ရတယ်"

"အင်းဟုတ်တယ် သားရဲ့"

"ကိုကြီး ယောင်္ကျားကလဲ အရပ်ကြီးအရှည်ကြီးဘဲ ချောတယ်နော် ဒါပေမယ့် ကိုကြီးလောက် မချောဘူး "
"အဟမ်း ညီ အကို့နာမည်က ဆွတ်စိုင်း ဒီက နာမည်က ဈာန်ထက်မြတ် မှတ်ထား အခုမင်းဟာက ဘယ်သူ့ကို ခေါ်လို့ခေါ်နေမှန်းမသိဘူး ကိုကြီးဆိုပြီး"

"ဟုတ် ကိုကြီးဆွတ်စိုင်း "

"အင်းကောင်းပြီ အန်တီကော ညီကော အပြင်မှာ အခု လုပ်စရာမလိုဘူး အိမ်မှာ ဘဲ လုပ်စရာရှိတာလုပ် ပစ္စည်းတွေ နေရာတကျ ပြန်ထား မြင်ကောင်းအောင် ပေါ့ အခုအပြင် မှာက သူတို့ဘာသာ လုပ်ကြလိမ့်မယ် အန်တီတို့ ကူစရာမလိုဘူး ကူရမှာ ကျွန်တော့အမေနဲ့အဖေကိုဘဲ " ဆွတ်စိုင်းပြောလိုက်တယ်

"ဟုတ်ကဲ့" "ဟုတ်"

စကားပြောမှာစရာရှိတာ မှာပြီးတော့ ပြန်ထိုင်နေကြတော့တယ်

"ချစ် မနက်ဖန် ဝယ်ဖို့ ပြုဖို့ကလေ ကားက ဒယ်ဘယ်ကပ်နဲ့ မှ ရမယ် ပစ္စည်းတွေတင်ဖို့လေ ကုန်အသုံဆိုတော့ ပထမဦးဆုံးတော့ ကိုယ်တိုင်သွားမှာ နောက်အခါတွေမှ ဖုန်းဆက်လှမ်းမှာ တာ ကိစ္စမရှိဘူး "

"အင်း သွားပြီးတော့လေ မှာခဲ့မယ် သေချာ ကြည့်ပြီး လိပ်စာပေးလာပို့ခိုင်းမယ် ကားလဲ မနာတော့ဘူး အများကြီးယူရင် သက်သာမှာပါ "

"အင်း ကောင်းသားဘဲ မောင်အခုယူလာတဲ့ ကားနဲ့ဘဲ သွားရအောင်  ကားက ကြီးတော့ လူ ခြောက်ယောက် ဆန့်ပါတယ် "

"အင်း "

"သား မနက်ဖန် ဘာတွေ ဝယ်မလဲ "

"ဟုတ်အမေ စာရင်းလုပ်ထားတယ် ဒီမှာ"

"ကြက်သွန် အနီ အဖြူ ဆန် ဆီ ဘဲဥ ကြက်ဥ ငရုပ် အချိမှုန့် ဆား ငံပြရည် ဟင်းခပ်မှုန့် ခေါက်ဆွဲ ခြောက် ကြာဇံ တွေ store ဆိုင်အတွက်က မုန့်အစုံ သရေစာအစုံ အအေးအစုံ ဖိနပ် အဝတ်အစား ဘူသုံးကုန်ပစ္စည်းတွေ  အင်း ကောင်းသားဘဲ"

အမုန်းအနန္ဒ (Completed)Kde žijí příběhy. Začni objevovat