"ဘယ်သူတုန်းဟဲ့"

"သားပထမနှစ်တုန်းက အသဲကွဲလို့ အရက်တွေသောက်ပြီး ငိုခဲ့တုန်းက သားခဏခဏ ပြောခဲ့တဲ့ ခင်လေးလေ"

"ဟေ ဟဲ့ မြေးဟာက‌လည်း ရည်းစားဟောင်းရဲ့ မောင်လေးပေါ့"

"ဟုတ်"

"ကောင်မလေးက သိလား"

"ဟုတ်"

"လက်ခံလား"

"အစကတော့ လက်မခံဘူး။ ‌ဒါပေမဲ့ နောက်ပိုင်းကြ သူ့မောင်လေးကို တအားချစ်တော့ သူ့မောင်လေးငိုတာကို မကြည့်ရက်လို့ လက်ခံပေးခဲ့တာ"

"အင်း မောင်လေးကို တော်တော်ချစ်ရှာတာပဲ။ ဖွားသာဆို လက်မခံနိုင်ပါဘူးအေ"

"သူတို့မောင်နှစ်မက အရမ်းချစ်တာ။ အငယ်လေး ငယ်ငယ်ထဲက အမေဆုံးတော့ မောင်လေးကို အမေလို ပြုစုပေးခဲ့ရတာ"

"သနားပါတယ်။ သူတို့က ခုရန်ကုန်မှာပေါ့"

"ဟုတ်ဖွား"

"အိမ်လည် ခေါ်ခဲ့ဦးလေ"

"တကယ်နော်ဖွား"

"အင်း"

"မေမေလည်း ဖွားလိုသာဆို ကောင်းမယ်"

"မြေးအမေက ထက်မြက်တဲ့ မိန်းမဆိုတော့ လက်ခံနိုင်မယ် မထင်ဘူး"

"ဖွားတောင် လက်ခံပေးနိုင်သေးတာ"

"တူမလား ကျုပ်က အဖွားအေလေ။ ပြီးတော့ သက်တမ်းကုန်လို့ သေခါနီးနေပြီ။ သူက ငယ်သူ ပြီးတော့ အမေလေ။ တစ်ဦးတည်းသောသားကို နှမြောရှာမှာပေါ့"

"သားလေးတစ်ယောက် ထပ်ရတယ်လို့ သဘောထားလိုက်ရင် ပြီးနေတာကို"

"ယောင်္ကျားလေးဆို ငါ့မြေးတစ်ယောက်ထဲနဲ့တင် လန့်လို့ သား‌ ယောင်္ကျားလေး ထပ်မလိုချင်တော့တာနေမှာ။ သမီးမိန်းကလေးက အားကိုးရတယ်လို့တွေးပြီး သမီးလေးကို တမ်းတတာနေမှာပေါ့"

"အဟားးးးးဖွားကတော့ ပြောပြီ"

စစ်ပိုင်က ငယ်ငယ်လေးတည်းက ဖွားနဲ့နေလာတာမို့ ဖွားကို မေမေ့ထက် ပိုပြီးရင်းနှီးသည်။ ဖွားက လူငယ်သဘာဝ တော်တော်များများကို နားလည်လက်ခံပေးတာမို့ သူငယ်ချင်းပေါင်း ပေါင်းလို့ရပြီး ရင်ဖွင့်တိုင်ပင်လို့လည်း ကောင်းသည်။ ဖွားက စစ်ပိုင် ရင်ဖွင့်သမျှကို နားထောင်ပေးခဲ့သလို တစ်ခါတစ်ရံ အကြံဉာဏ်တွေလည်း ပေးတတ်ပါသေးသည်။ ဖွားက စစ်ပိုင်အပေါ်ကို အရာရာ နားလည်ပေးခဲ့သည်။ စစ်ပိုင်အတွက်တော့ ဖွားက သူငယ်ချင်းကောင်းဖြစ်ခဲ့သလို အချစ်ရဆုံးသူလည်း ဖြစ်ခဲ့သည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now