သူဘာလုပ်သင့်လဲ..? သူလုပ်သင့်တဲ့ အရေးကြီးဆုံးအရာက စိတ်အေးအေးထားပြီး အကျိုးသင့်အကြောင်းသင့် အရင်စဉ်းစားကြည့်ဖို့ပဲ..!

အမှန်တကယ်တော့ သူက မူလရင်းဆုယဲ့ မဟုတ်ဘူး။ ဒါပေမဲ့ ရင်းဆုယဲ့ပါပဲ။ အခြေခံ,အရတော့ မှန်ကန်တယ်။ ဘာလို့လဲဆိုတော့ သူက အနာဂတ်မှာ သေဆုံးပြီး ပြန်မွေးဖွားလာခဲ့တာ။ ငရဲပြည်က မှောင်မိုက်လွန်းတယ်။ သူ့ရဲ့ မူလကိုယ်က အနာဂတ်မှာ သေဆုံးပျက်စီးခဲ့ရပြီးပြီ။

သူ သေဆုံးခဲ့ရပြီးမှ ဘာလို့ သူ့ရဲ့အတိတ်က ဘဝကံကြမ္မာ ပြောင်းလဲစေခဲ့တဲ့ အချိန်ကို ပြန်ရောက်လာခဲ့တာလဲ..? သူကိုယ်တိုင်လည်း နားမလည်တော့ဘူး။ အထူးသဖြင့် ဒီအချိန်က သူနဲ့ ဟွမ်ပေ့ချန်တို့ စိတ်ဝမ်းကွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖြစ်ခဲ့တဲ့ အချိန်ပဲ။

သူ အနာဂတ်ကနေ အတိတ်မှာ ပြန်လည်မွေးဖွားလာခဲ့ပြီ။

လက်ရှိအခြေအနေမှာ စွမ်းအားမကြီးသေးတဲ့ ဟွမ်ပေ့ချန်ကို တိုက်ခိုက်လို့မရတာက နှမြောစရာပဲ။ ရန်သူကို ကြီးထွားခွင့် မပေးသင့်ဘူး။ ဒါပေမဲ့ ပြန်မွေးဖွားလာတယ်ဆိုကတည်းက သူ့မှာ အားသာချက် ရှိလာခဲ့ပြီ။ လက်ရှိသူက နောက်ဆယ်နှစ်စာ စွမ်းအားရှိပြီးသား ဖြစ်လာခဲ့ပြီ။ အတိတ်ဘဝတုန်းကလို အမှားမျိုး ထပ်လုပ်တော့မှာမဟုတ်ဘူး..!

သူက အခုလေးတင် ပြန်မွေးဖွားလာခဲ့တာကြောင့် အခုဖြစ်ပျက်နေသမျှကို ဇာတ်ရည်မလည်သေးဘူး။ အဲ့တာကြောင့် လိုဏ်ဂူထဲမှာ လူတစ်ယောက်ရှိနေတာကို သတိမပြုမိတာ ဖြစ်တယ်။

အကယ်၍ ရွှယ်ယို့ရှန်းသာ ဟွမ်ပေ့ချန်ဆိုတဲ့ နာမည်ကိုကြားရင် ဟွမ်ပေ့ချန်က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်ဆိုတာ ချက်ချင်း တန်းပြောနိုင်လိမ့်မယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာသားတော်ဆိုတာ ပြောပြလိမ့်မယ်။

ကံမကောင်းစွာနဲ့ပဲ ရင်းဆုယဲ့က အဲ့ကိစ္စတွေကို မသိထားခဲ့ဘူး။ သူ့အတိတ်က အတွေ့အကြုံတွေကို ပြန်တွေးနေတုန်းပဲ။ အတိတ်တုန်းက သူ့ကို ဝိုင်းပြီးတိုက်ခိုက်ခဲ့တာကြောင့် လူတွေအများကြီး သတ်ပစ်ခဲ့တာ မှတ်မိသေးတယ်။ နောက်တော့ ဟွမ်ပေ့ချန်က စိတ်ဆိုးပြီး ထွက်သွားတယ်။ သူလည်း တောထဲမှာ အမဲလိုက်နေတဲ့ ဝံပုလွေအုပ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဝံပုလွေတွေကို ခက်ခက်ခဲခဲ သုတ်သင်ခဲ့ပြီးနောက် အကာအကွယ်စည်းကို ဖွင့်နိုင်ခဲ့ပြီး လိုဏ်ဂူထဲက ရတနာတွေကို ရရှိခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now